DVB Logo
Home
မြန်မာသတင်း
ပင်လယ်ထဲ မျောပါပျောက်ဆုံးနေသည့် ကျားဖောင်လုပ်သား ၃၆ ဦးကို ဆက်လက်ရှာဖွေနေ
DVB
·
December 26, 2017
ပင်လယ်ထဲ မျောပါပျောက်ဆုံးနေသည့် ကျားဖောင်လုပ်သား ၃၆ ဦးကို ဆက်လက်ရှာဖွေနေ
Donate to DVB

လေပြင်းတိုက်လို့ ပင်လယ်ထဲ မျောပါခဲ့တဲ့ ကျားဖောင်လုပ်သား ၂၀၀ ကျော်ကို ဆယ်ယူရရှိထားပြီး ၃၆ ယောက်ကိုတော့ ဆက်လက်ရှာနေတုန်းပဲလို့ ရှာဖွေရေး အဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ဖျာပုံမြို့ ပင်လယ်ပြင်မှာ လေနီကြမ်းတိုက်ပြီး ဒီဇင်ဘာ ၁၉ ရက်နေ ၂၂ ရက်အထိ ငါး၊ ပုဇွန်ဖမ်းနေတဲ့ ကျားဖောင် ၈၆ ဖောင်အနက် ၇၃ ဖောင်ကို ပြန်လည်တွေ့ရှိထားပြီလို့ တိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ရှာဖွေရေး အဖွဲ့ခေါင်းဆောင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဒေါ်ဝါဝါသိန်းက “ဒီနေ့ မနက် ၉ နာရီခွဲအထိ ရေလုပ်သား ၃၆ ယောက်ကို ရှာနေဆဲ ဖြစ်ပါတယ်။ ကျားဖောင်ကတော့ ၁၃ ဖောင်ပါ။ ဆယ်ယူရရှိတဲ့ ရေလုပ်သားတွေလည်း ကျန်းမာရေးကောင်းပြီး လုပ်ငန်းခွင် ပြန်ဝင်နေကြပါပြီ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျားဖောင် တဖောင်မှာ ၃ ယောက်စီ လိုက်ပါတာ ဖြစ်လို့ စုစုပေါင်း ရေလုပ်သား ၂၅၈ ယောက် ပင်လယ်ထဲ မျောပါခဲ့တာပါ။

ဒီထဲမှာ ၁၆ ဖောင်ကတော့ ပင်လယ်ထဲမှာပဲ ပျက်စီးပြီး အဲဒီက ရေလုပ်သားတွေကတော့ တခြားဖောင်တွေမှာ တက်နေကြတာပါ။

ရှာမတွေ့သေးတဲ့ရေလုပ်သားတွေကိုတော့ ဒေသခံကျွမ်းကျင်တဲ့ ရေလုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းရှာဖွေနေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီးခင်မောင်လတ်က ပြောပါတယ်။

ပျောက်ဆုံးနေတဲ့ ကျားဖောင်အားလုံးမှာ ၎င်းတို့နဲ့သက်ဆိုင်ရာ လုပ်ငန်းရဲ့ နာမည် အမှတ်အသားတွေဖြစ်တဲ့ အင်္ဂလိပ်စာလုံး အတိုကောက်တွေကို ဖောင်ပေါ်ရှိ အလုပ်သမားတွေ နေတဲ့ တဲအိမ်နံရံတွေက မြင်သာတဲ့နေရာမှာ ရေးသားထားပြီး တွေ့ရှိပါက ဖောင်နဲ့ အလုပ်သမားတွေကို ကယ်ဆယ်ကာ သက်ဆိုင်ရာကို အကြောင်းကြားပေးစေလိုကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ကျားဖောင်လုပ်ငန်းဟာ  ဝါးနဲ့ဖွဲ့ထားတဲ့ ဖောင်တွေကို စက်လှေတွေနဲ့ ပင်လယ်ထဲကို ဆွဲပို့ပြီး ကျောက်ချ ငါးဖမ်းတဲ့ လုပ်ငန်းဖြစ်ပါတယ်။

သတင်း- ပိုင်စိုး/ မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013