DVB Logo
Home
မြန်မာသတင်း
မောင်​​တောခရိုင်အတွင်း ညမထွက်​ရ အမိန့်​ ​နောက်​ထပ်​ ၂ လ တိုးမြှင့်
DVB
·
December 26, 2017
မောင်​​တောခရိုင်အတွင်း ညမထွက်​ရ အမိန့်​ ​နောက်​ထပ်​ ၂ လ တိုးမြှင့်
Donate to DVB

 

ရခိုင်ပြည်နယ် ​မောင်​​တောဒေသမှာ  ARSA အကြမ်းဖက်​သမားတွေရဲ့ တိုက်ခိုက်ခံရပြီးနောက် သြဂုတ် ၂၅ ရက်ကတည်းက  လုံခြုံရေးအရ ထုတ်ပြန်ထားတဲ့ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ကို နောက်ထပ် ၂ လ  ထပ်တိုးမြှင့်လိုက်ပါတယ်။

မောင်တောခရိုင်အတွင်း ည ၆ နာရီ အချိန်မှ နောက်တနေ့ မနက် ၆ နာရီအချိန် အတွင်း ညမထွက်ဖို့ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၄၄ အမိန့်ကို ခရိုင်အထွေထွေဦးစီးဌာနက ဒီဇင်ဘာ ၂၅ နေ့ မှာ ထုတ်ပြန်ခဲ့တာပါ။

ဒေသအတွင်းမှာ လုံခြုံရေးတည်ငြိမ်အေးချမ်းရေးနဲ့  တရားဥပဒေ စိုမိုးမှုရှိစေရေးအတွက် တပ်မတော်နဲ့ လုံခြုံအဖွဲ့အစည်းတွေက ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ခဲ့ပေမယ့် နယ်မြေဒေသ လက်ရှိအခြေအနေအရ ညမထွက် အမိန့် ဆက်လက်ထုတ်ပြန်ရဖို့လို အပ်နေတယ်လို့ ခရိုင်အုပ်ချုပ်ရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါကြောင့် မောင်တောခရိုင်အတွင်း အများပြည်သူသွားရာ လမ်းမကြီး လမ်းသွယ် လမ်းကြား ဥယျာဉ် သို့မဟုတ် အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ  လူ ၅ ဦး သို့မဟုတ် ၅ ဦးထက်ပိုတဲ့ လူတွေစုဝေးခြင်း မပြုလုပ်ဖို့ အရင်က ထုတ်ပြန်ခဲ့တဲ့ ညမထွက်ရအမိန့်ကို နောက်ထပ် ၂ လ သက်တမ်းတပ်တိုးလိုက်တာပါ။

၂၀၁၇ သြဂုတ် ၂၅ ရက်က မောင်တောမြို့နယ်ထဲမှာရှိတဲ့  နယ်ခြေားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းတွေကို ARSA အကြမ်းဖက်အဖွဲ့က အင်အားအလုံးအရင်းနဲ့ တချိန်တည်း တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့လို့  လုံခြုံရေး တပ်ဖွဲ့ဝင်တချို့ သေဆုံးခဲ့ရပါတယ်။   

သတင်း - မင်းကျော်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013