DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်များထံနှစ်သစ်ကူးသ၀ဏ်လွှာပို့
DVB
·
December 26, 2017
ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားတပ်ဖွဲ့ခေါင်းဆောင်များထံနှစ်သစ်ကူးသ၀ဏ်လွှာပို့
Donate to DVB

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေထံ နှစ်သစ်ကူးသ၀ဏ်လွှာတွေပေးပို့လိုက်ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်စွဲနဲ့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ခေါင်းဆောင်တွေထံ ဒေါ်အောင်ဆန်းစုကြည်ပေးပို့ထားတဲ့ နှစ်ကူးသ၀ဏ်လွှာတွေကို အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဂွန်မော်က သူ့ရဲ့လူမှုကွန်ရက် ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေထံပေးပို့တဲ့ နှစ်သစ်ကူးသ၀ဏ်လွှာမှာ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့စေဖို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်လို့ ဖော်ပြထားပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်သစ်ကူးသ၀ဏ်လွှာကို အလားတူ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်တွေလည်း လက်ခံရရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

အစိုးရသစ်လက်ထက်မှာ ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးစားပေးလုပ်ဆောင်ခဲ့ပေမယ့် အရင် ဦးသိန်းစိန်အစိုးရလက်ထက် အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးခဲ့ကြတဲ့ တပ်ဖွဲ့ ၈ခုကလွဲပြီး ကေအိုင်အို အပါအ၀င် ကျန်တပ်ဖွဲ့ ၁၀ဖွဲ့ကျော်တို့ ခုချိန်ထိ လက်မှတ်ထိုးခြင်း မရှိသေးပါဘူး။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဦးဆောင်လုပ်ကိုင်နေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ခေါင်းဆောင်များထံ နှစ်သစ်ကူး သ၀ဏ်လွှာပေးပို့တာဟာ ဒါ ပထမဆုံး ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013