DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် ဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်နေ
DVB
·
December 25, 2017
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် ဒုက္ခသည်များ အရေးပေါ်အကူအညီ လိုအပ်နေ
1 / 5
Donate to DVB

 

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့အကြား တိုက်ပွဲတွေကြောင့် မောင်တောမြို့နယ် ၃-မိုင်နဲ့ ချင်းပြည်နယ် ပလက်ဝ-ချင်းလက်ဝမှာတို့ကို ထွက်ပြေးတိမ်းရှောင်လာပြီး ခိုလှုံဖို့ ရောက်ရှိလာတဲ့ ဒုက္ခသည်တွေ စားနပ်ရိက္ခာတွေ အရေးတကြီး အကူအညီ လိုအပ်နေပါတယ်။

မောင်တောမြို့နယ် ၃-မိုင်အနီး သီဟိုဠ်သရက်ခြံမှာ လာရောက်ခိုလှုံနေတဲ့ စစ်ရှောင်ဒုက္ခသည် ၁၆၉ ဦးနဲ့ အိမ်ထောင်စု ၆၂ စု ဘူးသီးတောင်မြို့နယ်က လာရောက်ခိုလှုံနေတာကြတာပါ။

စစ်ဘေးရှောင်ဒုက္ခသည်တွေ စားနပ်ရိက္ခာတွေ အရေးတကြီး အကူအညီ လိုအပ်နေတယ်လို့ ဝေဟင်အောင်ပရဟိအဖွဲ့က ဦးဝေဟင်အောင်က ဒီဗွီဘီကိုပြောပါတယ်။

“တိုပ်ပွဲတွေကြောင့် သူတို့နေရာမှာ ခက်ခဲလာတာကြောင့် ဒီဘက်ကို ထွက်ပြေးလာတာ။ ပြီးတော့ တောင်ပေါ်ကိုလည်း သွားလို့မရဘူး။ စားရေးသောက်ရေးလည်း အခက်အခဲ ဖြစ်လာတယ်။ နောက်ပြီး သူတို့ ရွာအနားမှာ သေနတ်သံတွေက အချိန်မရွေး ကြားနေရတယ်။ လှုပ်ရှားစစ်ကြောင်းတွေ မြင်နေကြရတယ်၊ ဆိုတော့ ဒီလူတွေ ကြောက်ပြီးတော့ ဒီဘက်ကို ထွက်ပြေးလာကြတယ်။ ဆောင်းရာသီဖြစ်တာကြောင့် အကူအညီက လိုနေတယ်။ ဆန်၊ ဆီ၊ ဆားတွေ အရေးတကြီး လိုနေတယ်။”

လက်တလောမှာ မောင်တော ၃-မိုင်ဘက်အခြမ်းကို ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေအတွက် လက်တလော စားသောက်ဖို့ ဆန်၊ ဆီ၊ ဆားတွေ အနည်းငယ်လှူဒါန်းနိုင်ခဲ့ပြီး တဲအိမ်အချို့နဲ့ အိမ်သာတွေကိုလည်း ဝေဟင်အောင် ပရဟိတအဖွဲ့က ဆောက်လုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် ချင်းပြည်နယ် ပလက်ဝဘက်မှာ မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ အကြား တိုက်ပွဲတွေကြောင့် ဒေသခံ တိုင်းရင်းသားတွေ ၁၅၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေကြရပြီး ဒုက္ခသည်တချို့လည်း အိန္ဒိယနိုင်ငံဘက်အခြမ်းကို ထွက်ပြေး တိမ်းရှောင် နေကြရပါတယ်။

ဝံလက်ဖောင်းဒေရှင်းက ဒါရိုက်တာ ဦးခိုင်ကောင်းစံက “ချင်းပြည်နယ် ပလက်ဝ-ချင်းလက်ဝဘက်မှာတော့ အိမ်ထောင်စု ၆၇ စု ရှိတယ်။ လူဦးရေကတော့ ၃၄၄ ဦး ရှိတယ်။ နောက်ပြီးတော့ အိန္ဒိယနယ်စပ်ပေါ့လေ။ မောင်ဘုဆွာဆိုတဲ့ဘက်မှာပေါ့။ အဲဒီမှာက အဲဒီမှာ လူဦးရေ နှစ်ထောင်လောက် ရှိတယ်။ အကူအညီ အရေးတကြီး လိုအပ်နေတယ်။ နောက်ပြီး အခုအချိန်မှာ ဆောင်းရာသီတော့ ပိုပြီးအကူအညီ လိုအပ်တာပေါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တွေအကြား တိုက်ပွဲကြောင့် အိန္ဒိယဘက်အခြမ်း ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေအတွက် ရခိုင်လူမှုအဖွဲ့အစည်းတွေက စားနပ်ရိက္ခာတွေကို သွားရောက်ကူညီဖို့ လုပ်ဆောင်နေပေမယ့် လုံခြုရေးအခြေအနေအရ သွားရောက်ခွင့်မပြုဘူးလို့ ဆိုပါတယ်။

သတင်း- ဝဏ္ဏခွာညို၊ ဓာတ်ပုံ- မေယုထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013