DVB Logo
Home
မြန်မာသတင်း
မိုးညှင်းတွင် ခရီးသည်တင်ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေ
DVB
·
December 25, 2017
မိုးညှင်းတွင် ခရီးသည်တင်ကားနှင့် ဆိုင်ကယ်တိုက်မိ၊ ၁ ဦးသေ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာ အနီးမှာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက ကားနဲ့ ဆိုင်ကယ်ချိတ်မိပြီး ဆိုင်ကယ်ပေါ်က အမျိုးသမီးတဦး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ မိုးညှင်းရဲစခန်းက သိရပါတယ်။

ဖြစ်ပွားပုံမှာ အင်ကြင်းကုန်းကျေးရွာ ကားလမ်း မိုင်တိုင် အမှတ် ၅/၂နဲ့ ၃ ကြားမှာ ယာဉ်တိုက်မှုသတင်းအရ ယာဉ်ထိန်းရဲဒုရဲအုပ် အောင်ကိုကိုခိုင်နဲ့အဖွဲ့ အင်ကြင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့နဲ့အတူ သွားရောက်ကြည့်ရှုရာ မြစ်ကြီးနားဘက်ကနေ မိုးညှင်းဘက်ကို မယဉ်ယဉ်အေး မောင်းနှင်ပြီး နောက်က ဒေါ်အုံးမြင့် လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ လားရာတူ ယာဉ်မောင်း ခင်ထွန်းနိုင် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ဇော်ဝင်းထွဋ် လိုက်ပါလာတဲ့ ခရီးသည်တင်ယာဉ်က ကျော်တက်ချိန် ပွတ်ချိတ်တိုက်မိပြီး ဆိုင်ကယ်လဲကျစဉ်  နောက်ဘီးနဲ့ ဒေါ်အုံးမြင့်ကို တက်ကြိတ်သေဆုံးစေခဲ့တာလို့ ဆိုပါတယ်။

မိုးညှင်းရဲစခန်းက ယာဉ်မောင်း ခင်ထွန်းနိုင်ကို လူသေဆုံးသည်အထိ ယာဉ်မဆင်မခြင်မောင်းမှုနဲ့ ရာဇသတ်ကြီးပုဒ်မ-၃၀၄ က/၃၃၇ နဲ့အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း - မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013