DVB Logo
Home
မြန်မာသတင်း
မီးရထားသံလမ်းထိန်း ကလစ်များ ပျောက်ဆုံးမှုဖြစ်ပွား
DVB
·
December 25, 2017
မီးရထားသံလမ်းထိန်း ကလစ်များ ပျောက်ဆုံးမှုဖြစ်ပွား
1 / 3
Donate to DVB

 

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ချောင်းနက်ကျေးရွာ နေပြည်တော်-ပုဂံ မီးရထားလမ်း မိုင်တိုင်အမှတ် ၂၈၅/၂၈၆/၂၈၇ တို့အကြားမှာ ကွန်ကရိဇလီဖားတုံးနဲ့ ရထားသံလမ်းတို့ကို ချိတ်ဆက် ညှပ်ထားတဲ့ G ပုံသဏ္ဌာန် ၄ လက်မအရွယ် မီးရထားသံလမ်းထိန်းကလစ် အခု ၄၀၀ လောက် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အဲဒီလိုပျောက်ဆုံးနေတာကို ဒီဇင်ဘာလ ၂၄ ရက် မနက်ပိုင်းက ဒေသခံ တာဝန်သိ ပြည်သူတဦးက မီးရထားသံလမ်းထိန်း ကလစ်တွေ ပျောက်ဆုံးနေတာကို တွေ့မြင်ခဲ့ပြီး ချောင်းနက်ဘူတာမှ မီးရထားသံလမ်းတာဝန်ရှိသူတွေကို အသိပေးခဲ့တာလို့ သိရပါတယ်။

အဆိုပါ ပျောက်ဆုံးသွားတဲ့ အထိန်းကလစ်တွေကို တာဝန်ရှိသူတွေက ပြန်လည် အစားထိုး တပ်ဆင်နေရာ မနေ့ကအထိ သံလမ်းထိန်း ကလစ် ၁၅၀ လောက်သာ ပြန်လည်အစားထိုး တပ်ဆင်ပြီးစီးသေးကြောင်းနဲ့ မီးရထားတွေ ပုံမှန် ဖြတ်သန်းသွားလာနေပြီလို့ သိရပါတယ်။

အဲဒီနေရာဟာ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကလည်း မီးရထားသံလမ်းတွေ ချိတ်ဆက်တဲ့ ဂျွိုင်းပတ်တာ နတ်တိုင်တွေ၊ နတ်ခေါင်းတွေ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ဖူးတယ်လို့ အုပ်စု အုပ်ချုပ်ရေးမှူးရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း - သားကြီး(တောင်တွင်းကြီး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013