DVB Logo
Home
မြန်မာသတင်း
ရွှေစာရံ​စေတီ (၅) ကြိမ်​​မြောက်ေ​ရာင်​​တော်​ဖွင့်ပူ​ဇော်​ပွဲနှင့် မြို့လုံးကျွတ် ​မဟာနိဗ္ဗာန်​​ဈေးပြုလုပ်
DVB
·
December 25, 2017
ရွှေစာရံ​စေတီ (၅) ကြိမ်​​မြောက်ေ​ရာင်​​တော်​ဖွင့်ပူ​ဇော်​ပွဲနှင့် မြို့လုံးကျွတ် ​မဟာနိဗ္ဗာန်​​ဈေးပြုလုပ်
1 / 4
Donate to DVB

 

မွန်ပြည်နယ်၊ သထုံမြို့ ကျက်​သ​ရေ​ဆောင်​​လေးဆူဓါတ်​စံ​ရွှေစာရံ​စေတီ​တော်​ကြီး၏ ၅ ကြိမ်​​မြောက်​​ရောင်​​တော်​ဖွင့်ပူ​ဇော်​ပွဲနဲ့ မြို့လုံးကျွတ်မဟာနိဗ္ဗာန်​​ဈေးအလှူ​တော်​ကို ဒီဇင်​ဘာ ၂၄ ရက်​နေ့ ည​နေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ဘုရားဖူးပြည်​သူ အများအပြား လာ​ရောက်​ခဲ့ ကြပါတယ်။

ပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်လွင်ဦးက “ဘုရား​ရောင်​ခြည်​​တော်​ ကွန့်​မြူးခဲ့တဲ့ နှစ်​ကစလို့ အခုလိုပူ​ဇော်​ပွဲနဲ့ မြို့လုံးကျွတ်​နိဗ္ဗာန်​​ဈေးပွဲ​တော်​လုပ်​ခဲ့တာ ၅ နှစ်​​မြောက် ​ရှိပါပြီ။ ဘုရားဖူးလာသူ​တွေ​တော့ ကုသိုလ်​လည်းရ ဝမ်းလည်းဝ​တဲ့ပွဲဆိုရင်လည်း မမှားပါဘူး။ ကျနော်တို့နိုင်ငံရဲ့ ဘယ်​နေရာမှာမှ မရှိတဲ့ဒီလိုအလှူ​တော်​ပွဲ​တော်​မှာ ပါဝင်​လှူဒါန်းခွင့်ရတဲ့ အတွက်​လည်း အများကြီးဝမ်းသာပါတယ်​။ အစဉ်​အလာတစ်ခုလိုဖြစ်​​သွားအောင်လို့ နှစ်​တိုင်း လက်​ဆင့်ကမ်းပြုလုပ်​သွားရမှာပါ"လို့ ပြောပါတယ်။

၂၀၁၃ ခုနှစ်​မှစတင်​ကာ မြို့နယ်​သံဃာ့နာယကအဖွဲ့နဲ့ ​စေတီ​တော်​သြဝါဒစရိယ ဆရာ​တော်​ကြီးတွေရဲ့ သြဝါဒကိုခံယူပြီး​ဂေါပကအဖွဲ့၊ မြို့မိမြို့ဖတွေနဲ့ ဦး​ဆောင်​လူငယ်​အဖွဲ့တို့ ပူး​ပေါင်းစီစဉ်​ပြီး ​ရောင်​​တော်​ဖွင့်ပူ​ဇော်​ပွဲ၊ ဆွမ်းကြီး​လောင်းလှူပွဲနဲ့ မြို့လုံးကျွတ်​နိဗ္ဗာန်​​ဈေး အလှူ​တော်​ကို နှစ်​စဉ်​ကျင်းပလာခဲ့တာဖြစ်ပါတယ်။ အခုနှစ်​မှာတော့ ​ဌာနဆိုင်​ရာတွေ၊ လူမှု​ရေးအသင်းအဖွဲ့တွေ၊ ရပ်​ကွက်​အလိုက်​လမ်းအလိုက်​မိသားစုအဖွဲ့တွေအပါအဝင်​ အဖွဲ့ပေါင်း ၁၁၅ ဖွဲ့မှ စား​သောက်​ဖွယ်​ရာအဟာရတွေနဲ့ တည်​ခင်းဧည့်​ခံ​ကျွေး​မွေးခဲ့ကြပါတယ်။

သထုံမြို့မှ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်သူ ဦးကဲ က “ဒီမှာနှစ်တိုင်းလိုလိုတော့ လှူဖြစ်တယ်။ ကိုယ့်မြို့ကိုယ့်ရွာလည်းဖြစ်နေတယ်ဆိုတော့ အရမ်းလည်းပျော်ပါတယ်။ တစ်နှစ် တက်တစ်နှစ်မရိုးအောင်တော့ လုပ်ရတာပေါ့။ ဘာနဲ့မှလဲလို့မရတဲ့ ပီတိပါ။ ဒီနှစ်တော့ သီးစုံပဲဟင်းနဲ့ငါးခြောက်ကြော်ပါ။ လာရောက်သုံးဆောင်ပေးကြတဲ့ မြို့သူမြို့သားအားလုံးနဲ့ ဘုရားဖူးတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ နောက်နှစ်လည်း လာရောက်အားပေး ကြပါဦးလို့ ပြောချင်ပါတယ်" လို့ဒီဗွီဘီကိုပြောပါတယ်။

ရွှေစာရံစေတီတော်ကြီးရဲ့ ရောင်​​တော်​ဖွင့် ပူ​ဇော်​ပွဲနဲ့ မြို့လုံးကျွတ် ​မဟာနိဗ္ဗာန်​​ဈေး အလှူ​တော်​ပွဲကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ရက်နေ့က စတင်ကာစေတီ​တော်ရဲ နေရာ အတော်များများမှာ ရောင်ခြည်တော်ထူးတွေကို ရက်​​အ​တော်​ကြာကြာဖူး​တွေ့ခဲ့ကြလို့ မြတ်​စွာဘုရားရှင်​ရဲ့ ဓာတ်​​တော်​​တွေကွန့်​မြူးတယ်​လို့ ယူဆပြီး အဲ့ဒီနှစ်​ကစတင်ကာ ပူ​ဇော်​ပွဲနဲ့ စတုဒီသာအလှူ​တော်​ကြီးကို နှစ်​စဉ်​ပြုလုပ်​ခဲ့တာဖြစ်ကြောင်း စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ရဲ့ မှတ်တမ်းများအရ သိရပါတယ်။

သတင်း - ယူမင်းစိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013