DVB Logo
Home
မြန်မာသတင်း
ပုပ်ရဟန်းမင်းကြီးခရီးစဉ် မြန်မာ့ဂုဏ်တင့်စေဟု ကာဒီနယ်ချားလ်စ်မောင်ဘို ဆုတောင်းစကား ဖော်ပြ
DVB
·
December 25, 2017
ပုပ်ရဟန်းမင်းကြီးခရီးစဉ် မြန်မာ့ဂုဏ်တင့်စေဟု ကာဒီနယ်ချားလ်စ်မောင်ဘို ဆုတောင်းစကား ဖော်ပြ
Donate to DVB

 

   ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မြန်မာပြည်ကို ချစ်ကြည်ရေးခရီး ရောက်ရှိခဲ့တဲ့အတွက် ကမ္ဘာ့အလယ်မှာ နိုင်ငံဂုဏ်တင့်စေခဲ့တယ်လို့  ကာဒီနယ်ချားလ်စ်မောင်ဘိုရဲ့ ခရစ္စမတ်  ဆုတောင်းစကားမှာ ဖော်ပြလိုက်ပါတယ်။

ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ဆရာတော် ကာဒီနယ်ချားလ်စ်မောင်ဘိုက  ၂ဝ၁၇ ခုနှစ်ဟာ ခရစ်ယာန်များအတွက်သာမက မြန်မာပြည်သူပြည်သားများအတွက်ပါ ထူးခြားမှုများနဲ့ ပြည့်တဲ့ နှစ်တနှစ် ဖြစ်ခဲ့တယ်။

ချစ်ခြင်းမေတ္တာနဲ့  ငြိမ်းချမ်းရေးတမန်တော်ဖြစ်တဲ့  ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ မြန်မာပြည်ကို ချစ်ကြည်ရေးခရီး ရောက်ရှိလာလို့ ကမ္ဘာ့အလယ်မှာ နိုင်ငံဂုဏ်တင့်စေခဲ့တယ်။

စိန်ခေါ်မှုများစွာ ရှိနေခဲ့ပေမယ့် ပုပ်ရဟန်းမင်းကြီးဟာ တိုင်းပြည် တာဝန်ရှိသူ အားလုံးကို တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးခရီးကို ဆက်လက်လျှောက်လှမ်းကြဖို့ အားပေးတိုက်တွန်းခဲ့ပါတယ်လို့  ဖော်ပြထားပါတယ်။

တခါ  ပုပ်ရဟန်းမင်းကြီးဟာ ကျွန်ုပ်တို့ရဲ့ နိုင်ငံတော်နဲ့ သာသနာတော်အတွက် အရေးတကြီး ဆောင်ရွက်ရမယ့် လုပ်ငန်းများကို မိန့်ကြားသွားခဲ့တယ်။

နာကျင်ထိခိုက်တာတွေကို ပြန်လည်ကုစားဖို့၊ အချင်းချင်းပြန်လည်ခွင့်လွှတ်ကျေအေးကြ ဖို့နဲ့  အမုန်းတရားကို ချစ်ခြင်းမေတ္တာနဲ့  တုံ့ပြန်ကြဖို့  ဖြစ်တယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဖို့  ချစ်ခြင်းမေတ္တာကို အရင်းခံရမှာဖြစ်ပြီး ဒီစကားဟာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ မြန်မာပြည်ခရီးစဉ် သတင်းစကားပဲ ဖြစ်တယ်၊

      မြန်မာပြည်ကို အခွင့်အလမ်း၊ ငြိမ်းချမ်းရေး၊ ချစ်ခြင်းမေတ္တာ ပြန်လည်သင့်မြတ်ခြင်းတွေနဲ့ ပြည့်ဝတဲ့နိုင်ငံအဖြစ် တည်ဆောက် နိုင်ကြဖို့ တစ်ဦးစီအပေါ် ကောင်းချီးဆုကျေးဇူး သက်ရောက်ပါစေကြောင်း ကျွန်ုပ် ဆုတောင်းလိုက်ပါတယ်လို့ ဆုတောင်းစကားကို အဆုံးသတ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013