DVB Logo
Home
မြန်မာသတင်း
ထိုင်းမှ တရားမဝင် မွေးမြူရေးဝက်များ ဂိတ်ကြေးပေး သယ်ဆောင်နေ
DVB
·
December 24, 2017
ထိုင်းမှ တရားမဝင် မွေးမြူရေးဝက်များ ဂိတ်ကြေးပေး သယ်ဆောင်နေ
Donate to DVB

ထိုင်းနိုင်ငံက တရားမဝင်တင်သွင်းလာတဲ့ မွေးမြူရေးဝက်တွေကို သယ်ဆောင်တဲ့အခါ ဖမ်းဆီးမှုတွေကနေ လွှတ်ကင်းဖို့ လမ်းတလျှောက်မှာ ဂိတ်ကြေးပေးသယ်ဆောင်နေတယ်လို့ မွန်ပြည်နယ်မွေးမြူရေးလုပ်ငန်း အဖွဲ့ချုပ်ရဲ့ ပြည်နယ်အတွင်းရေးမှူး ဦးညိုမင်းက ပြောပါတယ်။

“တရားမဝင် သယ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး သူတို့ကို မေးမြန်းတဲ့အခါမှာ တဖက်နိုင်ငံ က တင်သွင်းလာတဲ့ ဝက်ဖြစ်တယ်။ အရှေ့မှာလည်း သူတို့ရဲ့အစုအဖွဲ့ထဲက ကားနှစ်စီးက မရမ်းချောင်ဂိတ်ကို ဖြတ်ပြီးတော့ ရန်ကုန်ဝင်သွားပြီးဆိုတာလည်း ကျနော့်အရှေ့မှာပဲ ဖုန်း အချိတ်အဆက်ရတယ်” လို့ ပြောပါတယ်။

အခုလို တရားမဝင်တင်ဆောင်လာတဲ့ မွေးမြူရေးဝက်ကား ဖြတ်သန်းမှုအတွက် မြဝတီမြို့ကနေ မော်လမြိုင်အရောက်ထိ တံတားဂိတ်တွေကို ဖြတ်သန်းမှုအတွက် တစ်စီးကို ၆ သိန်းကျော် ပေးဆောင်ခဲ့တာတွေ ရှိတယ်လို့လည်း ပြောပါတယ်။

“အစိုးရအနေနဲ့ ဒါတွေကို ခြေခြေမြစ်မြစ် အောက်ခြေထိ သိလည်းသိသင့်ပြီး လေ့လည်း လေ့လာသင့်ပြီး နောက်တစ်ခုက အောက်ခြေမှာ ခြစားလာဘ်စားမှု ပြသာနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့မေးခွန်တစ်ခုက လွှတ်တော်ထဲချမေးရမယ့်အဆင့်ရောက်နေပြီ” လို့ ဦးညိုမင်းက ပြောပါတယ်။

ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ ရပ်ကွက်နေပြည်သူတဦးရဲ့ သတင်းပေးချက်အရ အတ္တရံတံတားအနီးကို သွားရောက် ကြည့်ရှုတဲ့အခါမှာတော့ အထောက်အထားတစ်စုံတစ်ရာ မပါရှိပဲ မွေးမြူရေးဝက် အကောင်ရေ ၇၀ တင်ဆောင်လာတဲ့ ကားတစ်စီး ရပ်နားထားတာ တွေ့ရှိ ခဲ့တဲ့အတွက် သက်ဆိုင်ရာအဖွဲ့တွေနဲ့အတူ ခေါ်ယူစစ်ဆေးခဲ့ပြီး လက်ရှိမှာတော့ မော်လမြိုင် မြို့နယ် မြိုင်သာယာနယ်မြေရဲစခန်းမှာ ယာယီထိန်းသိမ်းမှုအနေနဲ့ ထိန်းသိမ်းထားတယ် လို့ ပြောပါတယ်။

အခုလို သယ်ဆောင်ရတာဟာ ဈေးနှုန်းကွာခြားမှုကြောင့်ဖြစ်ပြီး ပြည်တွင်း မွေးမြူရေးခြံတွေမှ မရောင်းနိုင်သည့်အတွက် အခုလိုသွားရောက် ဝယ်ယူနေရတာလို့ ထိန်းသိမ်းခံရတဲ့ ဝက်ပိုင်ရှင်ဖြစ်သူ ဦးစန်းဝင်းက ပြောပါတယ်။

“ဟိုမှာ ဝယ်ရတာ ၃၀၀၀ ဈေးပါတယ်ဗျာ ၃၃၀၀ ဈေးပါတယ်ဗျာ။ ဒီဘက်တွေမှာ မေးကြည့်လိုက်ရင် ၄၅၀၀ ဈေးအထက်မှာချည်းပဲ။ ကျနော်တို့ ဘယ်လို သွားဝယ်မလဲ။ တစ်ကျပ်ကွာရင်တောင် ကုန်စည် တစ်ထောင်ဆို တစ်သိန်းကွာတယ်”လို့ ဦးစန်းဝင်းက ပြောပါတယ်။

အခုရက်ပိုင်းအတွင်းမှာ ပြည်နယ်အတွင်း တရားမဝင်တင်သွင်းလာတဲ့ မွေးမြူရေးဝက် တင်ဆောင်လာတဲ့ကားတွေ ဖြတ်သန်းမှု များလာပြီး တနေ့နဲ့တနေ့ ဖြတ်သန်းမှုတွေဟာ တူညီမှုမရှိဘဲ ၁၇ စီးကနေ အစီးရေ ၂၀ ကျော်အထိ ဖြတ်သန်းမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

တဖက်နိုင်ငံက ဝင်ရောက်လာတဲ့ မွေးမြူရေး ဝက်တွေကြောင့် အရင်က တစ်နှစ်မှာ တစ်ကြိမ်ခန့်သာ ဖြစ်ပေါ်လေ့ရှိတဲ့ ဝက်ရောဂါကျရောက်မှုဟာ တနှစ်ပတ်လုံးနီးပါး ဖြစ်ပေါ်လေ့ရှိပြီး ဈေးကွက်တွင်လည်း ဝက်သားပေါက်ဝယ်ယူမှုတွေမရှိတော့ဘဲ အနိမ့်ဈေးဖြင့် လာရောက်ဝယ်ယူမှုတွေရှိတဲ့အတွက် ဝက်မွေးမြူတဲ့သူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေရတယ်လို့လည်း မွန်ပြည်နယ် မွေမြူရေးလုပ်ငန်းရှင် အတွင်းရေးမှူး ဦးညိုမင်းက ပြောပါတယ်။

ဟိန်းထက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013