DVB Logo
Home
မြန်မာသတင်း
သထုံမှိုဈေးကွက် ပြည်ပတင်ပို့နိုင်ရေး ထောက်ပံ့ကူညီမှုများ လိုအပ်နေ
DVB
·
December 24, 2017
သထုံမှိုဈေးကွက် ပြည်ပတင်ပို့နိုင်ရေး ထောက်ပံ့ကူညီမှုများ လိုအပ်နေ
Donate to DVB

 

သထုံမြို့နယ်မှာ စိုက်ပျိုးရေးမှိုတွေ ပြည်တွင်းမှာ ဈေးကောင်းရနေပေမယ့် ပြည်ပတင်ပို့ ရောင်းချနိုင်ရေးအတွက် အရင်းနှီးအထောက်အပံ့ လိုအပ်နေတဲ့အပြင် လုပ်သားအခက်ခဲလည်း ကြုံတွေ့နေရတယ်လို့  တောင်သူတွေက ပြောပါတယ်။

သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာမှာ စိုက်ပျိုးရေးမှိုကို တနိုင်တပိုင်စိုက်ပျိုးနေတဲ့ ဒေါ်စန်းစန်းမြင့်က “မှိုက စိုက်ပြီး ၅ ရက်အတွင်းမှာ အပူချိန်ကို ကြိုက်သလောက်ပူလို့ရတယ်။ အဲ့နောက်ပိုင်း ကိုယ်က အပူချိန်ညှိပေးရတယ်။ မှိုက ဈေးကွက်ရှိတယ်။ စီးပွားဖြစ်စိုက်ပျိုးချင်ပေမယ့် နွားချေး တွေ၊ စက္ကူတွေ စတဲ့လိုအပ်တဲ့ ကုန်ကြမ်းတွေအတွက် လုပ်သားမရှိတာ။ ချေးငွေတွေလည်း လိုအပ်ပါတယ်။”

စိုက်ပျိုးရေးမှို မျိုးထုတ်ကို ထိုင်းနယ်စပ်နဲ့ ကရင်ပြည်နယ်၊ မြ၀တီမှ ရယူပြီး ထိုင်းမျိုးထုတ် ၁ ထုတ်ကို အိမ်အရောက် ၁၀၀၀ ကျပ်ဈေးရှိကြောင်း၊ ရေမ၀ပ်စေရန်နှင့် အပူချိန်တွေကိုလည်း အထူးဂရုစိုက်ရကြောင်း ဒူးရင်းဆိပ်ကျေးရွာမှာ မှိုစိုက်ပျိုးနေတဲ့ ကိုမင်းမင်းဖြိုးက ရှင်းပြပါတယ်။

“မြေကြီးအောက်မှာစိုက်ရင် အကျယ် ၃ × ၁၂ ပေ ဆိုရင် မျိုးထုတ် ၃ ထုတ်၊ စက္ကူက ၁၀ ပိဿာ၊ နွားချေးက အောက်ဘက်ကို ၆ တင်း၊ အပေါ်ကို ၄တင်း စုစုပေါင်း ၁၀ တင်းထည့်တယ်။ မျိုးတထုတ်ကို ဖွဲနု ၄ ဘူးထည့်တယ်။ သူများတွေကတော့ တတ်နိုင်ရင် တတ်နိုင်သလို အားဆေးသုံးတယ်။ ဒီအချိုးအစားနဲ့ဆိုရင် မှို ၆ ပိသာလောက်ထွက်တယ်။ နွားချေးနဲ့ ဖွဲလည်းထည့်ရတယ်။ ကောက်ရိုးနဲ့ စိုက်တဲ့လူလည်းရှိတယ်။ ဗေဒါနဲ့ စိုက်တဲ့သူလည်း ရှိတယ်။ ကောက်ရိုးနဲ့စိုက်ရင် ဗေဒါတို့ စပါးခွံတို့ထည့်စရာမလိုဘူး။”

လက်ရှိ စိုက်ပျိုးရေးမှို(အငုံ)ပေါက်ဈေးမှာ ၁ ပိဿာကို မွန်ပြည်နယ် သထုံမြို့မှာ ၄၀၀၀ ကျပ်ဝန်းကျင်ဈေးရရှိပြီး ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ၅၀၀၀ ကျပ်နဲ့ ရန်ကုန်မှာ ၆၀၀၀ ကျပ်ဈေးကောင်း ရရှိနေကြောင်း မှိုစိုက်တောင်သူတွေထံက သိရပါတယ်။

သတင်း - အာကာမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013