DVB Logo
Home
မြန်မာသတင်း
ကရင်​ဒေသထွက်ကုန်ကြမ်းဝါးကို လက်​မှုထည်​ထုတ်လုပ်ပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်
DVB
·
December 24, 2017
ကရင်​ဒေသထွက်ကုန်ကြမ်းဝါးကို လက်​မှုထည်​ထုတ်လုပ်ပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေနိုင်
1 / 4
Donate to DVB

 

ဒေသထွက် ကုန်ကြမ်းဝါးကို အဆင့်မြှင့်နည်းပညာတွေနဲ့ပြုလုပ်ပြီး ထွက်ရှိလာတဲ့ ထွက်ကုန်တွေကို နိုင်ငံခြား ဈေးကွက်အထိ ထိုးဖောက်နိုင်အောင် ဆောင်ရွက်နိုင်တယ်လို့ ကရင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက ပြောပါတယ်။

ဒီဇင်ဘာ၂၂ ရက် ညနေ ၃ နာရီက ဘားအံမြို့နယ် ကော့ကသောင်ကျေးရွာမှာပြုလုပ်တဲ့ အဆင့်မြှင့် ၀ါးလက်မှုထည်ထုတ်လုပ်မှု သင်တန်းဆင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ကရင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစောမြင့်ဦးက “လက်ရှိ ထုတ်လုပ်နေတဲ့ နည်းပညာသမရိုးကျ ထုတ်လုပ်တာမဟုတ်ဘဲနဲ့ အဆင့်မြင့်နည်းပညာမျိုး ထပ်ပြီးထုတ်လုပ်လိုက်ရင် ဒီဝါးအခြေခံတဲ့ ဒီပစ္စည်းဟာ တကယ်အရည်အသွေးကောင်းတဲ့ အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်လာမှာသေချာပါတယ်။ ၀ါးနဲ့ ပတ်သက်ပြီးတော့ အဆင့်မြှင့် နည်းပညာတွေ ဒီနည်းပညာနဲ့ လုပ်ပြီးတော့ ထွက်လာတဲ့ ထွက်ကုန်တွေကို နိုင်ငံခြားထိ ဈေးကွက်ထိုးဖောက်နိုင်အောင် ဆောင်ရွက်နိုင်အောင် ဆောင်ရွက်လို့ရတယ်”လို့ ပြောပါတယ်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန  ပြည်နယ်ဦးစီးမှူး ဦးထွန်းဇော်ချစ်က “ကျနော်တို့ ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကိုလည်းပဲ ကျနော်တို့ ဒီမှာအရောင်းပြခန်းလေးတစ်ခု ဖွင့်လှစ်ပြီးတော့ ဒီကိုရောက်လာတဲ့ ပြည်တွင်း ပြည်ပဧည့်သည့်တွေကို ကျနော်တို့ ဒါတွေက သူတို့ရဲ့ စိတ်ကြိုက်ပုံစံလေးတေ ဖန်းတီးပြီးတော့ ရောင်းချပေးဖို့ဖြစ်ပါတယ်။ အဲ့အတွက် အရင်းနှီးများလိုအပ်ရင်လည်း ကျနော်တို့ဘက်ကနေပြီးတော့ ဖြည့်ဆည်းပေးဖို့ရှိတယ်” လို့ ပြောပါတယ်။

ဘားအံမြို့နယ် လှိုင်ပုံကျေးရွာနေ သင်တန်းသူ မနန်းကြည်ကြည်ခိုင်က “အခုသင်တန်းက ရရှိခဲ့တဲ့ ပညာနဲ့ သမီးတို့ ကိုယ့်ရွာမှာပဲ မိသားစုတွေနဲ့ အတူတကွ သမီးတို့ ရွာက ထွက်ရှိတဲ့ ၀ါးတွေနဲ့ လက်မှုထည်တွေပြုလုပ်ပြီး ကော့ကသောင်ဂူကို လာတဲ့ နိုင်ငံခြားသားနဲ့ ဘုရားဖူးတွေ ကို နိုင်ငံခြားဝင်ငွေရရှိအောင် ရောင်းချသွားမှာ”လို့ ပြောပါတယ်။

အဆိုပါ သင်တန်းကို ကျေးလက်နေ ပြည်သူတွေရဲ့ လူမှုစီးပွားဘ၀ မြှင့်တင်ဖို့၊ နိုင်ငံတော်ရဲ့ ဆင်းရဲနွမ်းပါးမှု လျော့ချရေးနဲ့ ကျေးလက် နေပြည်သူတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးဖို့၊ ဒေသထွက် သဘာဝအလျောက် ပေါက်ရောက်နေတဲ့ ၀ါးတွေကို အရည်အသွေးကောင်းမွန်ပြီး သပ်ရပ်လှပတဲ့ လူသုံးကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်စေဖို့၊ One Village One Product အသွင်နဲ့ ထုတ်ကုန်အသစ်အဆန်းတွေ တီထွင်ပြီး ဒီဇိုင်းအသစ်တွေ ထွက်ပေါ်လာစေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ။

အောက်တိုဘာလက ဖွင့်လှစ်ခဲ့တဲ့ အခြေခံ ၀ါးလက်မှုထည် ထုတ်လုပ်မှု သင်တန်းဆင်း သင်တန်းသား သင်တန်းသူ ၂၀ ဦးက အဆင့်မြှင့်သင်တန်းကို သင်တန်းကာလ ၁ လအတွင်းမှာ နှီးဝါး၊ ၀ါးဘိုးဝါး နှစ်မျိုးကနေ အဆင့်မြှင့် ၀ါးလက်မှုထည် ၁၅ မျိုးကို ထုတ်လုပ်နိုင်အောင် သင်ကြားခဲ့တာပါ။

အဆိုပါ သင်တန်းသားတွေ ပြုလုပ်ထားတဲ့ ၀ါးလက်မှုထည်တွေကို ကော့ကသောင်ဂူ ဘုရားကို လာရောက်ကျတဲ့ ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်တွေကို ဒေသထွက်ကုန် အမှတ်တရအနေနဲ့ ပြသရောင်းချပေးသွားမှာဖြစ်သလို ကျေးလက်နေ ပြည်သူတွေ နဲ့ လူငယ်တွေ အလုပ်အကိုင်ရရှိစေဖို့ သင်တန်းတွေ ဆက်လက် ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013