DVB Logo
Home
မြန်မာသတင်း
ဥက္ကံတွင် ဒုတိယနှစ်ကျောင်းသားတဦး ဆွဲကြိုးချ သေဆုံး
DVB
·
December 24, 2017
ဥက္ကံတွင် ဒုတိယနှစ်ကျောင်းသားတဦး ဆွဲကြိုးချ သေဆုံး
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ အရှေဘက် စမ်းရွာကျေးရွာအုပ်စု ရေအိုးစဉ်ကျေးရွာမှာ ဒုတိယနှစ်မြန်မာစာ တက်နေတဲ့ ကျောင်းသားတဦး ဒီဇင်ဘာ ၂၄ ရက် မနက် ၁၁ နာရီက ဆွဲကြိုးချသေဆုံးမှုးဖြစ်ပွားခဲ့တယ်လို့ ဥက္ကံနယ်မြေ ရဲစခန်းက ပြောပါတယ်။

“သူတို့ မိသားစုက ဥက္ကံမြို့ ဆင်ဖြူရှင်ရပ်ကွက်မှာ နေတယ်။ မိဘတွေက ရေအိုးစဉ်ကျေးရွာမှာ လယ်လုပ်တယ်။ သူကဆိုင်ကယ်နဲ့ အသွားအပြန်လုပ်နေတာ ၂၂ ရက်နေ့ညနေက သူကဆိုင်ကယ်နဲ့ထွက်သွားပြီး ညဘက်ပြန်မလာဘူး။ ဒါနဲ့သူ့ အဖေကပျောက်လို့ရှာနေတာ။ နေခင်းလောက်ကျတော့မှ အိမ်ရဲ့မြောက်ဘက် ညောင်ပင်အောက်မှာ ဆိုင်ကယ်ကိုတွေ့တယ်။ အပင်ကချူံတွေနဲ့ဆိုတော့ လူကိုမတွေ့ရဘူး။ ဆိုင်ကယ်ကို တဲကိုပြန်မောင်းပြီး မသင်္ကာလို့ရှာတော့မှ ချူံထဲမှာ ဆွဲကြိုးချသေနေတာကို တွေတာပါ။ မြန်မာစာ (ဒုတိယ) နှစ် wက်နေတာပါ။ ဘာကြောင့် သေဆုံးတယ်ဆိုတာကိုတော့ မသိရဘူး” လို့ စမ်းရွာကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူး ဦးတင်လှက  ပြောပါတယ်။

ဥက္ကံနယ်မြေရဲစခန်း သေမှုသေခင်းနဲ့ အမှုဖွင့်ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013