DVB Logo
Home
မြန်မာသတင်း
မြိတ်တွင် ဒုတိယအကြိမ် လူထုစက်ဘီးနင်းပွဲတော် ကျင်းပ
DVB
·
December 24, 2017
မြိတ်တွင် ဒုတိယအကြိမ် လူထုစက်ဘီးနင်းပွဲတော် ကျင်းပ
1 / 3
Donate to DVB

 

မြိတ်မြို့မှာ မျိုးဆက်သစ်အားကစားသမားတွေ ပေါ်ထွက်လာရေးအတွက် ရည်ရွယ်ပြီး ဒုတိယအကြိမ်လူထုစက်ဘီးနင်းပွဲတော်ကို ဒီဇင်ဘာ ၂၄ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရပါတယ်။

မြိတ်မြို့၊ ကမ်းနားလမ်းသဲကွင်း၊ Sea View Condo ရုံးရှေ့မှာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဦးစိုးပိုင်ဌေးနဲ့ တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ်းနားလမ်းတလျှောက်၊ နာရီစင်လမ်း၊ ဗဟိုလမ်း၊ ရဲစခန်းလမ်း၊ မြို့သစ်တံတားဦးလမ်း၊ အောင်ဆန်းလမ်းမကြီး၊ ဘုရားကိုင်လမ်းမကြီးနဲ့ လေယာဉ်ကွင်းလမ်း အတိုင်းစီးနင်းပြီး စန္ဒဝတ်ကျေးရွာ သီလရှင်ကျောင်း( S ကွေ့ )အထိ နင်းပြီး လှည့်ပြန်ကာ မြို့မအားကစားကွင်းကို ပန်းဝင်ခဲ့ကြောင်းသိရပါတယ်။

“မြိတ်မှာ ကွယ်ပျောက်လုနီးပါးဖြစ်နေတဲ့ စက်ဘီးနင်းတဲ့အားကစားကို ပြန်လည် ဖော်ဆောင်ပေးတာဖြစ်တယ်။ ကျန်းမာသန်စွမ်းတဲ့ မျိုးဆက်သစ်အားကစားသမား ပေါ်ထွက်လာ အောင် ခုလို လူထု လှုပ်ရှားမှုတစ်ရပ်အနေနဲ့ စီစဉ်တာဖြစ်တယ်။ ကျနော်တို့အသင်းက အသင်းဝင် ၈၀ နဲ့ ရပ်တည်လှုပ်ရှားနေတယ်။ မျိုးဆက်သစ်လူငယ်တွေကို အမြဲတမ်း လက်တွဲ ခေါ်ပြီး ပြုစုပျိုးထောင်ပေးပါတယ်။ ခုလည်း စက်ဘီးနင်းတဲ့သူတွေကို စိတ်ပါဝင်စားလာအောင် စက်ဘီး ၃ စီးကို ကံစမ်းမဲဖောက်ပေးတယ်။ ဒါမှလည်း မျိုးဆက်သစ်ကလေးတွေက အားကစား မှာ စိတ်ပါဝင်စားလာပြီး လမ်းမှားမရောက်အောင် ထိန်းထားနိုင်မှာဖြစ်တယ်”လို့ မြိတ်စက်ဘီး အသင်းရဲ့ ဒု-ဥက္ကဌ ဦးထွန်းမင်းကပြောပါတယ်။

ကျန်းမာရေးနှင်းအားကစားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန နှင့် မြိတ်စက်ဘီးအသင်း(Mergui Archipelago Bike Club) တို့မှပူးပေါင်းကျင်းပသည့် ခရီးအရှည် ၁၈ မိုင်ခန့်ရှည်တဲ့လူထုစက်ဘီးနင်းပွဲတော်ကို စက်ဘီးဝါသနာရှင် ၁၄၀၀ လောက် ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရပါတယ်။

သတင်း - မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
မြိတ်တွင် ဒုတိယအကြိမ် လူထုစက်ဘီးနင်းပွဲတော် ကျင်းပ