DVB Logo
Home
မြန်မာသတင်း
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ယူ
DVB
·
December 24, 2017
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ရန်ကုန်တက္ကသိုလ်တွင် ဘွဲ့ယူ
Donate to DVB

 

ကျောင်းသားဘ၀က ၃၃ နစ်ကြာကင်းကွာပြီးတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ဒီဇင်ဘာ ၂၄ ရက်နေ့မှာ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ ရန်ကုန်တက္ကသိုလ်မှာ ဘွဲ့တက်ရောက်ယူခဲ့ပါတယ်။

ဦးကိုကိုကြီးဟာ ၁၉၈၄ ခုနစ်မှာ နိုင်ငံတကာဆက်ဆံရေးနဲ့ နိုင်ငံတကာ အုပ်ချုပ်ရေး ဘာသာရပ် ပထမအသုတ်ကို တက်ရောက်ခဲ့ပြီးတော့ ရှစ်လေးလုံးအရေးတော်ပုံမှာ ကျောင်းရပ်နားခဲ့ရပြီး ထောင်ထဲမှာ ၁၉ နှစ်ကျော်ကြာနေခဲ့ပြီးမှ အခုလို ကျောင်းပြန်လည် တက်ရောက်ပြီး ဘွဲ့ ယူခဲ့တာပါ။

“တချို့တွေက ပြောတယ်။ ဒီအသက်ရွယ်မှကျောင်းတက်ပြီး ဘာလုပ်မှာလဲ၊ ဘာထူးမှာလဲ ပေါ့။ ကျနော့်ခံယူချက်ကတော့ ကျနော့်သားသမီးနဲ့ လူငယ်မျိုးဆက်အတွက် စံပြဖခင် စံပြပုဂ္ဂိုလ် ဖြစ်ချင်တာရယ်၊ တချိန်က ကျနော့်ကိုဘွဲ့ရပညာတတ်ဖြစ်စေချင်တဲ့ မိဘနှစ်ပါးအတွက်ပါ”လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ဦးကိုကိုကြီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာဆက်ဆံရေးဘာသာရပ်ကို တက်ရောက်ခဲ့ချိန်မှာ ကျောင်းသားဘ၀နဲ့ ကင်းကွာ တာရယ် မိသားစုလူမူရေး ဖိစီးမူတွေကြောင့် စာသင်ဖို့အခက်ခဲတွေအများကြီးရှိခဲ့တယ်လို့လည်း သူကပြောပါတယ်။

၈၈ မျိုးဆက်တျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးဟာ လက်ရှိမှာ နိုင်ငံရေးပါတီအသစ် တခုဖြစ်တဲ့ ရှစ်လေးလုံးပါတီကို တရားဝင်မှတ်ပုံတင်ထားပြီး နိုင်ငံရေးအလုပ်တွေ လုပ်ဆောင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013