DVB Logo
Home
မြန်မာသတင်း
လင်ခရူဆာကားဖြင့် ကားပစ္စည်းများလိုက်ခိုးနေသူကို ဖမ်းမိ
DVB
·
December 24, 2017
လင်ခရူဆာကားဖြင့် ကားပစ္စည်းများလိုက်ခိုးနေသူကို ဖမ်းမိ
Donate to DVB

 

လက်ခရူဆာကားကို သုံးပြီး ရန်ကုန်တိုင်းက မြို့နယ်တွေမှာ ကားပစ္စည်းတွေ လိုက်ဖြုတ်ခိုးယူနေသူကို ဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။
ဒီဇင်ဘာ ၁၂ ရက်နေ့က တာမွေမြို့နယ်က ကားပိုင်ရှင်တယောက်ဟာ မနက် ၄ နာရီခွဲချိန်မှာ အော်သံတွေကြားလို့ နိုးလာပြီးကြည့်ရာမှာ ပစ္စည်းခိုးသူတွေက သူ့ရဲ့ကားရှေ့မီးကြီး၊ ရှဲနဲ့ နောက်ကြည့်မှန်တွေကို ဖြုတ်ယူပြီး တိုယိုတာ လင်ခရူဆာကားနဲ့ မောင်းနှင်ထွက်ပြေးသွားတယ်လို့ တာမွေရဲစခန်းကို တိုင်တန်းခဲ့ပါတယ်။

တာမွေမြို့မရဲစခန်းက အမှုဖွင့်ပြီး လိုက်လံဖမ်းဆီးရာမှာ ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း နေ ကျော်ကို (ခ) မြင့်စန်းကို ကျောက်ကုန်းလမ်းထောင်မှာ သက်သေခံပစ္စည်းတွေနဲ့ အတူ ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ဆေးရာမှာတော့ ၂၀၁၇ ခုနှစ် မတ်လကနေ ဒီဇင်ဘာလအထိ ရန်ကင်း၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ လှိုင်၊ ဒဂုံ၊ အလုံ၊ လမ်းမတော်၊ ကမာရွတ်နဲ့ ဗဟန်းမြို့နယ်တွေမှာ ညအိပ်ကားတွေကနေ ပစ္စည်းတွေခိုးယူ ရောင်းချထားတာကို ပေါ်ပေါက်တယ်လို့လည်း ဆိုပါတယ်။

ခိုးမှု စုစုပေါင်း ၂၆ ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး ခိုးရားပါပစ္စည်း လက်ခံသူကိုလည်း သက်ဆိုင်ရာ ရဲစခန်းတွေမှာ အမှုဖွင့် အရေးယူနေတယ်လို့လည်း တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013