DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံးလုပ်ခလစာ ၄၀၀၀ ကျပ်သာ ပေးနိုင်မည်ဟု အလုပ်ရှင်ကိုယ်စားလှယ်ပြော
DVB
·
December 24, 2017
အနိမ့်ဆုံးလုပ်ခလစာ ၄၀၀၀ ကျပ်သာ ပေးနိုင်မည်ဟု အလုပ်ရှင်ကိုယ်စားလှယ်ပြော
1 / 3
Donate to DVB

 

အလုပ်ရှင်တွေဘက်ကတော့ အနိမ့်ဆုံးလုပ်ခလစာကို ၄၀၀၀ ပဲပေးနိုင်မယ်လို့ အလုပ်ရှင်ကိုယ်စားလှယ်က ရတိပြတ်ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၂၃ ရက်နေ့မှာပြုလုပ်နေတဲ့ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲမှာ အလုပ်ရှင်ကိုယ်စားလှယ် ဒေါက်တာခင်မောင်အေးက ပြောဆို လိုက်တာပါ။

“လက်ရှိအချိန်မှာ ၃၆၀၀ တောင်ခက်ခက်ခဲခဲပေးနေရတဲ့ အလုပ်ရှင်တွေရှိပြီး ဘယ်သူတွေ ဘယ်လိုတောင်းဆိုနေပါစေ ၄၀၀၀ ပဲပေးနိုင်တယ်”လို့ ဆိုပါတယ်။

အလုပ်သမားအဖွဲ့အစည်းတွေက ၅၆၀၀ နဲ့ ၆၆၀၀ တောင်းဆိုနေပြီး ဝန်ကြီးဌာန ဘက်ကတော့ ၄၈၀ဝ ကြားချပေးဖို့ပြောဆိုနေပေမယ့် အလုပ်ရှင်တွေဘက်ကတော့ ၄၀၀၀ပဲ ပေးဖို့ ပြောဆိုနေပါတယ်။

တကယ်လို့ ၄၀၀၀ အထက်ဆိုရင် တခြားbonus ကြေးတွေနဲ့ အခြားကြေးတွေကို မပေးတော့ဘူးလို့ အလုပ်ရှင်ကိုယ်စားလှယ် ဒေါက်တာခင်မောင်အေးက မီဒီယာတွေကို ပြောပါတယ်။

ဒီဆွေးနွေးပွဲကို အလုပ်သမားအလုပ်ရှင်နဲ့ အစိုးရ သုံးပွင့်ဆိုင်ညှိနှိုင်းဆွေးနွေးနေတာဖြစ်ပြီး ရလာတဲ့ ရလဒ်တွေကိုလည်း ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပြည်ထောင်စုအဆင့် ဆွေးနွေး သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013