DVB Logo
Home
မြန်မာသတင်း
စီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများဦးဆောင်မှုမြှင့်တင်ရန် ​ဆွေး​နွေးပွဲ ကျင်းပ
DVB
·
December 24, 2017
စီးပွားရေးလုပ်ငန်းများတွင် အမျိုးသမီးများဦးဆောင်မှုမြှင့်တင်ရန် ​ဆွေး​နွေးပွဲ ကျင်းပ
Donate to DVB

 

အ​သေးစား၊ အလတ်​စားလုပ်​ငန်း​တွေမှာ မြန်​မာအမျိုးသမီးလူငယ်​စွမ်း​ဆောင်​ရှင်​​တွေ​ ဦး​ဆောင်​လာနိုင်​ဖို့အတွက် ​​စက်​မှုဝန်​ကြီးဌာန၊ စက်​မှုကြီးကြပ်​​ရေးနှင့် စစ်​​ဆေး​ရေးဦးစီးဌာနနဲ့ ဂျာမနီနိုင်​ငံမှ GIZ အဖွဲ့အစည်းနဲ့ပူး​ပေါင်းကာ​ ဆွေး​နွေးပွဲပြုလုပ်​ခဲ့ပါတယ်​။

“Towards Increasing Women's Participation in Business” ​ခေါင်းစဉ်​နဲ့​ဆွေး​ နွေးပွဲကို ဒီဇင်​ဘာလ ၂၃ ရက်​​နေ့က ရန်​ကုန်​မြို့ Centre of Excellence မှာပြုလုပ်​ခဲ့တာပါ။

စက်​မှုဝန်​ကြီးဌာန၊ အ​သေးစားနှင့် အလတ်​စားလုပ်​ငန်းများ ဖွံ့ဖြိုးတိုးတက်​​ရေးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ်​​ ဒေါ်​အေး​အေးဝင်းက “ဖွံ့ဖြိုးဆဲနိုင်​ငံ​တွေမှ​ရော ဖွံ့ဖြိုးပြီးနိုင်​ငံ​တွေမှာပါ စီးပွား​ရေးလုပ်​ငန်း​တွေမှာ အမျိုးသမီး​တွေရဲ့အခန်းကဏ္ဍ မြှင့်တင်​​ပေးဖို့ လိုအပ်​ပါတယ်​။ မြန်​မာနိုင်​ငံရဲ့ အ​သေးစားအလတ်​စားလုပ်​ငန်း​တွေမှာလည်း အမျိုးသမီး​တွေရဲ့ဦး​ဆောင်​မှု မြှင့်တက်​လာဖို့အတွက် လိုအပ်​တဲ့သင်​တန်း​တွေ၊ ​ဆွေး​နွေးမှု​တွေကို ဌာနအ​နေနဲ့ အမြဲ လုပ်​​ဆောင်​​ပေး​နေတာပါ။ ပညာတတ်​မှ စီးပွား​ရေးလုပ်​ငန်းရှင်​ဖြစ်​မယ်​ဆိုတဲ့ အ​တွေး​တွေနဲ့ အိမ်​တွင်းထဲမှာ​နေပြီး အိမ်​အလုပ်​​တွေနဲ့ ဘဝကုန်​​နေတဲ့ အမျိုးသမီး​တွေ မဖြစ်​​စေချင်​တဲ့အတွက်​ ဝန်​ကြီးဌာနအ​နေနဲ့ ဒီလို​ဆွေး​နွေးပွဲ​တွေ လုပ်​​ဆောင်​​ပေးတာဖြစ်​တယ်​”လို့​ပြောပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013