DVB Logo
Home
မြန်မာသတင်း
ညောင်လေးပင်မြို့တွင် ကရိန်းကားနှင့် ဆိုင်ကယ် တိုက်မိ၊ ၂ ဦးသေဆုံး
DVB
·
December 24, 2017
ညောင်လေးပင်မြို့တွင် ကရိန်းကားနှင့် ဆိုင်ကယ် တိုက်မိ၊ ၂ ဦးသေဆုံး
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ ကောက်ကွေ့ကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းဟောင်းပေါ်မှာ ဒီဇင်ဘာလ ၂၃ ရက် ည ၁၀ နာရီလောက်က ကရိန်းကားနဲ့ ဆိုင်ကယ်တို့ တိုက်မိရာမှ ၂ ဦးသေဆုံးပြီး ၁ ဦးစိုးရိမ်ရတယ်လို့ မြို့မစခန်းမှူးက ပြောပါတယ်။

ရန်ကုန်-မန္တလေး ကားလမ်းဟောင်း မိုင်တိုင်အမှတ် ၁၀၁/၁ အနီးမှာ ပိန်းဇလုပ်မြို့ဘက်မှ ညောင်လေးပင်မြို့ဘက်ကို အောင်ရဲကျော် မောင်းနှင်ပြီး ချစ်စမ်းမောင်နဲ့ အာကာမျိုးနိုင် စီနင်းလိုက်ပါလာတဲ့ ဆိုင်ကယ်ကို မျက်နှာချင်းဆိုင် ရန်ကုန်ဘက်မှ မန္တလေးဘက် ယာဉ်မောင်းမြင့်အောင် မောင်းနှင်လာတဲ့ ကရိန်းကားက အရှိန်မထိန်းနိုင်ဘဲ တဖက်ယာဉ်ကြော အတွင်း ဝင်ရောက်တိုက်မိခဲ့တာပါ။

ယာဉ်တိုက်မှုကြောင့် အာကာမျိုးနိုင်နဲ့ အောင်ရဲကျော်တို့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ပြီး ချစ်စမ်းမောင်မှာ ယာမျက်လုံးပေါက်ပြဲ၊ ယာလက်ဖျံကျိုး၊ ဝဲပေါင်ကျိုးစတဲ့ ဒဏ်ရာတွေရရှိကာ ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ညောင်လေးပင်မြို့မစခန်းမှူ ဒုရဲမှူးဌေးဝင်း က “နှစ်ယောက်တော့ သေဆုံးသွားတယ်ဗျာ။ တယောက်တော့ ပဲခူးဆေးရုံ ပို့ထားတယ်။ ကရိန်းယာဉ်မောင်းက အခင်းဖြစ်နေရာမှာ ထွက်ပြေး တိမ်းရှောင်သွားလို့ လိုက်ဖမ်းလိုက်ရတယ်။ ကျောက်တံခါးမြို့မှာ ဖမ်းမိပါတယ်”လို့ ဒီဗွီဘီကိုပြောပါတယ်။

ယာဉ်တိုက်မှုနဲ့ပတ်သက်ပြီး ညောင်လေးပင်မြို့မရဲစခန်းမှ ယာဉ်မောင်းမြင့်အောင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (ပေါ့လျော့ခြင်း ဖြစ်သေစေမှု)၊ ၃၃၈ (အပြင်းအထန်နာကျည်စေမှု) တို့နဲ့ အမှုဖွင့်ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။

သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013