DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီ ၈ ဦးနှင့် လိုက်ပါပို့ဆောင်သူများ ဖဒိုမြို့တွင် ဖမ်းဆီးရမိ
DVB
·
December 24, 2017
ဘင်္ဂါလီ ၈ ဦးနှင့် လိုက်ပါပို့ဆောင်သူများ ဖဒိုမြို့တွင် ဖမ်းဆီးရမိ
Donate to DVB

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဖဒိုမြို့၊ မြို့ချောင်းကျေးရွာမှာ ဒီဇင်ဘာ ၂၃ ရက်ညနေ ၃ နာရီလောက်က ဘင်္ဂါလီ ၈  ဦးနဲ့အတူ လိုက်ပါပို့ဆောင်ပေးသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖဒိုနယ်မြေစခန်းမှူးက ပြောပါတယ်။

သတင်းအရသက်သေတွေနဲ့အတူ ဝင်ရောက်ရှာဖွေရာ ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ် (၈၃/၆) အနီး ဦးစံသိန်း မြို့ချောင်းကျေးရွာနေသူ ပိုင်ဆိုင်တဲ့ ခြံဝင်းအတွင်းရှိ တဲထဲမှာ လိုက်ပါပို့ဆောင်သူတွေဖြစ်တဲ့ ဒေါ်ကြူကြူ၊ ဦးမျိုးမင်းမင်းထွန်း တို့နဲ့အတူ မောင်ရာဗိုလ်လာဘုံ၊ ဟာမီဒူလာ၊ မချူးချူးမား၊ မောင်ရှိုင်းမောင်၊ ဦးအာသူဂိုရီနဲ့ မောင်မာသူရာအမား ရခိုင်ပြည်နယ်နေသူတို့ကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းဆီးရမိသူတွေကို စစ်ဆေးရာ မြို့ချောင်းကျေးရွာနေ ဦးခင်ရွှေ နေအိမ်မှာ ဘင်္ဂါလီ အမျိုးသမီးနှစ်ဦးကို သွားရောက်ပို့ဆောင်ထားကြောင်း ပြောပြချက်အရ မရူဘီအာနဲ့ မဖော်မီနာဘယ်လွန် တို့ကို ထပ်မံ ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖဒိုနယ်မြေစခန်းမှူး ရဲအုပ်ရဲထွဋ်ကိုက “အဲဒီရွာဘက်မှာ လာနားနေတယ်ဆိုတဲ့ သတင်းပေးချက်အရ ဖမ်းဆီးရမိခဲ့တာပါ။ ပထမသတင်းအရ ပို့ဆောင်သူနှစ်ဦးနဲ့ ဘင်္ဂါလီခြောက်ဦးကို အရင်ဖမ်းဆီးရမိတယ်။ နောက်ထပ်စစ်ဆေးချက်အရ နောက်ဘင်္ဂါလီ နှစ်ဦးကို ထပ်မံဖမ်းဆီးရမိတယ်။ ခုတော့ လဝကဥပဒေ ရာဇသတ်ကြီးဥပဒေတွေနဲ့ အရေးယူဖို့ ဆောင်ရွက်နေပါပြီ” လို့ ပြောပါတယ်။

ဒေါ်ကြူကြူ နဲ့ ဦးမျိုးမင်းမင်းထွန်းတို့က ဘင်္ဂါလီ ၈ ဦးကို ၁ ဦးလျှင် ငွေ ၁၄ သိန်းကျပ်နဲ့ ရန်ကုန်မြို့ကို ပို့ဆောင်ပြီး အလုပ်အကိုင်ရရှိအောင် စီစဉ်ဆောင်ရွက်ပေးမယ်လို့ ပြောဆိုစည်းရုံးပြီး ဒီဇင်ဘာ ၁၇ ရက်နေ့က ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပေါက်တောကျေးရွာက စတင်ထွက်ခွာခဲ့ပြီး နေပြည်တော်ကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ မော်တော်ယာဉ်နဲ့ နေပြည်တော်ကို ရောက်ရှိခဲ့ပြီး နေပြည်တော်တိုင်းဒေသကြီး ပုပ္ပသီရိမြို့နယ်ရှိ ဒေါ်ခိုင်ခိုင်မြင့်ဆီမှာ ညအိပ်ရပ်နားခဲ့ကြပြီး ဒီဇင်ဘာလ ၂၀ ရက်မှာ နေပြည်တော်ကနေ မော်တော်ယာဉ်နဲ့ ထွက်ခွာခဲ့ရာ ဒီဇင်ဘာ ၂၁ ရက် ၆ နာရီလာက်မှာ ရန်ကုန်-နေပြည်တော်အမြန်လမ်း မိုင်တိုင်အမှတ် (၈၆/၃) အနီးဦးစံသိန်းရဲ့ နေအိမ်မှာ တည်းခိုနေထိုင်ပြီး ရန်ကုန်မြို့ကို ဆက်လက်ထွက်ခွာဖို့ စီစဉ်ထားရှိတဲ့အချိန်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

ဘင်္ဂါလီလူမျိုး ကျား ၅ ဦး၊ မ ၃ ဦး နဲ့ လိုက်ပါပို့ဆောင်သူ ၂ ဦး၊ လက်ခံထားရှိသူ ၂ ဦးတို့ကို ဖဒိုနယ်မြေစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၆၇/ ၁၁၄ တို့နဲ့ အမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

သတင်း၊ဓာတ်ပုံ-နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013