DVB Logo
Home
မြန်မာသတင်း
ကျိုင်းတုံတွင် မီးရှို့သတ်ခံရတယ်လို့ယူဆရသည့် အမျိုးသမီးအလောင်း တွေ့ရှိ
DVB
·
December 23, 2017
ကျိုင်းတုံတွင် မီးရှို့သတ်ခံရတယ်လို့ယူဆရသည့် အမျိုးသမီးအလောင်း တွေ့ရှိ
Donate to DVB

ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-လွိုင်မွေကားလမ်း မိုင်တိုင်(၈/၄) လမ်းဝဲဘက် အနက် ၆ ပေခန့်ရှိချောင်းထဲမှာ မီးရှို့သတ်ခံရတယ်လို့ ယူဆရတဲ့ အမည်မသိ အမျိုးသမီးအလောင်းတလောင်း တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကျိုင်းတုံမြို့နယ် ကျိုင်းတုံ-လွိုင်မွေကားလမ်း မိုင်တိုင်(၈/၄) လမ်းဝဲဘက် အနက် ၆ ပေခန့်ရှိချောင်းထဲမှာ ဒီဇင်ဘာ ၂၂ ရက် မနက် ၉ နာရီက အမည်(စိစစ်ဆဲ) အသက် ၂၀ အရွယ် အမျိုးသမီးအလောင်း ၁ လောင်း တွေ့ရှိကြောင်း သတင်းအရ ကျိုင်းတုံမြို့နယ်ရဲတပ်ဖွ္ပဲမှူး၊ ရဲမှူး အောင်ကြီးတို့ ဦးစီးတဲ့အဖွဲ့ဟာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

အလောင်းမှာ မီးလောင်ကျွမ်းထားပြီး ဝမ်းဗိုက်ကလီစာတွေ ပေါက်ထွက်ကာ ခြေသလုံးနဲ့ ပေါင်အသားစတွေမှာ တောခွေးတွေ ကိုက်စားထားပြီး အလောင်းကို မီးရှို့ထားတဲ့ လက္ခဏာတွေ့ရပေမယ့် အနီးပတ်ဝန်းကျင်မှာ မီးလောင်နိုင်တဲ့ လက္ခဏာ မတွေ့ရှိရတာကြောင့် သေဆုံးသူ အမျိုးသမီးအား မီးရှို့သတ်ပြီး လာရောက်စွန့်ပစ်ထားကာ မီးရှို့ဟန် ပြုလုပ်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ကျိုင်းတုံမြို့မရဲစခန်းက သတ်ဖြတ်သူ (စိစစ်ဆဲ) အား လူသတ်မှု ရာဇသတ်ကြီးပုဒ်မ-၃၀၂ နဲ့ အမှုဖွင့်ထားပြီး အမှုမှန်ပေါ်ပေါက်ဖို့ စုံစမ်းစစ်ဆေးနေတယ်လို့ သတင်းရရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013