DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် စပါးရိတ်သိမ်းချိန် အလုပ်သမား ရှားပါးမှုဖြင့် ကြုံနေရ
DVB
·
December 23, 2017
မြိတ်မြို့တွင် စပါးရိတ်သိမ်းချိန် အလုပ်သမား ရှားပါးမှုဖြင့် ကြုံနေရ
Donate to DVB

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်ရှိ၊ ကျေးရွာတချို့မှာ လယ်ယာမြေ လုပ်ကိုင်သူများသည်၊ အခုနှစ် စပါးပေါ်ချိန်မှာ အလုပ်သမားများ ခေါ်ယူရန် အခက်အခဲ ဖြစ်နေပြီး အများစုမှာ အလုပ်သမားတွေ ရှားပါးမှုတွေနဲ့ တွေ့ကြုံနေရတယ်လို့ တောင်သူ လယ်သမားတွေက ပြောပါတယ်။

မြိတ်ခရိုင်အတွင်းရှိ ကျွန်းစု၊ တနင်္သာရီ၊ ပုလောနဲ့ မြိတ်မြို့နယ်တွေက ကျေးရွာတွေမှာ လယ်ယာမြေလုပ်ကိုင်တဲ့ တောင်သူလယ်သမားတွေဟာ အခုနှစ် ဆန်စပါးရာသီမှာ သီးနှံဖြစ်ထွန်းမှု အောင်မြင်ကြပြီး၊ စပါးရိတ်သိမ်းချိန်မှာတော့ အလုပ်သမားတွေကို ခေါ်ယူဖို့ လုပ်ကိုင်သူတွေ နည်းပါးနေတာကြောင့် အခက်တွေ့နေတယ်လို့ ဆိုပါတယ်။

‘’ဒီနှစ်က ပိုးကျပေမယ့် စပါးထွက်နှုန်း ကောင်းကြပါတယ်။ အထူးသဖြစ်ကတော့ စပါးတွေ ရိတ်သိမ်းချိန်မှာ အလုပ်သမားတွေ ခေါ်ရတာ အခက်အခဲဆုံး ဖြစ်နေတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အရင်နှစ်က စပါးရာသီတုန်းက ထွက်နှုန်းတွေ ကျသွားတော့ အလုပ်သမားတွေကို အလုပ်မပေးနိုင်ဘူးလေ။ အဲဒီအတွက်ကြောင့် ဒီနှစ်မှာ အလုပ်သမားတွေက အခြား အပြင် အလုပ်တွေ ဖြစ်တဲ့ ကုမ္ပဏီလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေဘက်ကိုရောက်သွားတော့ ဒီနှစ်တော့ ရှိနေတဲ့ အလုပ်သမားတွေကို တနေ့လုပ်အားခ ဈေးကြီးပေးပြီး ခေါ်ယူနေရတယ်’’ လို့ လယ်သမား  ဦးခင်မောင်သန်းက ပြောပါတယ်။

မြိတ်မြို့နယ်ရှိ ကျေးရွာတချို့မှာ ပြီးခဲ့တဲ့နှစ်က ရာသီဥတု မကောင်းလို့ လယ်ယာမြေတွေ ပျက်စီးခဲ့သလို ပိုးကျမှုတွေနဲ့ တွေ့ကြုံခဲ့ပြီး ကျေးရွာရှိ ဒေသခံပြည်သူတွေဟာ အလုပ်ကိုင်တွေ နည်းပါးခဲ့တယ်လို့ သိရပါတယ်။

“စပါးရိပ်သိမ်းဖို့ အလုပ်သမားတွေ ခေါ်ယူငှားရမ်းဖို့ ရွာတိုင်း လိုလို အခက်အခဲ ဖြစ်နေတာ ရှိပါတယ်။ ရွာတိုင်းမှာ အလုပ်သမားတွေ မရှိသလောက်ကို ဖြစ်နေတယ်။ တောင်သူတွေကလည်း ရှိတဲ့အလုပ်သမားတွေကို လုပ်အားခ ဈေးပိုပေးပြီး လိုက်ခေါ်နေကြတော့ တော်ရုံနဲ့ ရှာဖို့ မလွယ်သလို အလုပ်သမား ရှားပါးမှု အခက်အခဲတွေ တောင်သူအများစုက တွေ့ကြုံနေရတယ်’’’ လို့ တောင်သူ ဦးမောင်ဇော်က ပြောပါတယ်။

အလုပ်သမားတွေ ခေါ်ယူဖို့ လုပ်ကိုင်သူတွေ နည်းပါးနေလို့ တောင်သူတွေဟာ စပါးရိပ်သိမ်း ခြွေစက်ကို ငှားရမ်းအသုံးပြုဖို့ အတွက်လည်း ရိမ်သိမ်းခြွေစက်တွေလည်း အလုံအလောက်မရှိကြောင်း၊ တချို့ စက်တွေတွေည်း ကြိုတင်ငွေပေးပြီးမှ ငှားရမ်းခွင့် ရတာကြောင့် အသုံးမပြုနိုင်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် စက်ယန္တရားတွေ မလာရောက်နိုင်ဘူးလို့ တောင်သူတွေက ပြောပါတယ်။

အခုနှစ် စပါးပေါ်ချိန်မှာ အလုပ်သမား အမျိုးသမီးတဦးကို ပြီးခဲ့တဲ့နှစ်က တနေ့ကို လုပ်အားခ ၃၅၀၀ ရှိပြီး၊ အခုနှစ်မှာ ၅၀၀၀ အထိ ရှိကြောင်း၊ အမျိုးသား တဦးကို ၄၀၀၀ ရှိရာမှ အခုနှစ်မှာ ၆၀၀၀ မှ ၇၀၀၀ ကျပ်အထိ ဈေးပိုပေးနေရတယ်လို့ ဆိုပါတယ်။ စပါးတစ်တင်းကို ဒီနှစ် ၅၀၀၀ ကျပ် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

ဇော်ဇော် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013