DVB Logo
Home
မြန်မာသတင်း
တနှစ်ကျော်အတွင်း ပညာရေးဝန်ထမ်း ၈၀၀ ကျော် အရေးယူခံရ
DVB
·
December 23, 2017
တနှစ်ကျော်အတွင်း ပညာရေးဝန်ထမ်း ၈၀၀ ကျော် အရေးယူခံရ
Donate to DVB

တနှစ်ကျော်ကာလအတွင်းမှာ ပညာရေးဝန်ထမ်းပေါင်း ၈၀၀ ကျော် အရေးယူ အပြစ်ပေးခံခဲ့ရတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၁၆ ခုနှစ် ဧပြီလကနေ ၂၀၁၇ ခုနှစ်သြဂုတ်လအထိ အရာထမ်း၊ အမှုထမ်း ၈၄၄ ယောက်ကို အနိမ့်ဆုံးအဆင့် စာနဲ့ သတိပေးတာ၊ အမြင့်ဆုံး ပြစ်ဒဏ်အနေနဲ့ ထုတ်ပစ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကာလအတွင်းမှာ စာနဲ့ သတိပေးခံရသူ ၅၂၅ ယောက်၊ နှစ်တိုးလစာနဲ့ ရာထူးတိုး ရပ်ဆိုင်းခံရသူ ၄၂ ယောက်၊ ရာထူးလျှော့ခံရတာ၊ တာဝန်က ယာယီရပ်ခံရတာနဲ့ ရာထူးက ထုတ်ပယ်ခံရသူ ၁၉၂ ယောက်၊ ဝန်ထမ်းအဖြစ်က ထုတ်ပစ်ခံရသူ ၈၅ ယောက် ရှိပါတယ်။

အပြစ်ပေးခံရသူတွေထဲမှာ အရာရှိ ၁၆၁ ယောက်ပါဝင်ပြီး အမှုထမ်းအဆင့်ကတော့ ၆၈၃ ယောက်ရှိပါတယ်။

ပညာရေးဝန်ကြီးဌာနမှာ အရာထမ်းနဲ့ အမှုထမ်းပေါင်း ၅ သိန်းနီးပါး ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013