DVB Logo
Home
မြန်မာသတင်း
ထွက်ပြေးသူများထဲက ဟိန္ဒူ ၄၀၀ ကျော် ပြန်လာမည်ဟု လူကယ်ပြန်ဝန်ကြီးပြော
DVB
·
December 23, 2017
ထွက်ပြေးသူများထဲက ဟိန္ဒူ ၄၀၀ ကျော် ပြန်လာမည်ဟု လူကယ်ပြန်ဝန်ကြီးပြော
Donate to DVB

ရခိုင်ပြည်နယ်ထဲ အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးသွားသူတွေထဲက ဟိန္ဒူ ၄၀၀ ကျော် ပြန်လာမယ်လို့ လူကယ်ပြန်ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို လူမှုဝန်ထမ်း၊ ကယ်ဆည်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြန်လည်ဖြေဆိုတာပါ။

“ပထမဦးဆုံး သတင်းအရတော့ ဟိန္ဒူဘာသာဝင်တွေက အရင်လာချင်တယ်လို့ ပြောတဲ့အတွက်ကြောင့် ဆန္ဒရှိလို့ လာချင်တဲ့လူကို လက်ခံရတဲ့မူအရဆိုရင် ဒီဟိန္ဒူဘာသာဝင်တွေက အရင်လာမယ့် သဘောရှိတယ်။ ဒါက ကျနော်တို့ သိရသလောက် ပြောတာနော်။ ဒါက အပြောင်းအလဲတွေလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် အခုသိရ သလောက်ကတော့ သူတို့အရင်လာမယ်။ ၄၀၀ ကျော်လာမယ်။ လာတဲ့အခါကျတော့ သူတို့ မူလနေသွားတဲ့ အိုးထိန်းရွာဆိုတာရှိတယ်။ အဲမှာလည်း အခုစဆောက်နေတာကို တွေ့ခဲ့ရတယ်။ အဲနေရာကိုလည်း ကျနော် တို့သွားကြည့်ခဲ့တယ်” လို့ ပြောပါတယ်။

ပြန်လည်လက်ခံဖို့ ပြန်လာချင်သူတွေအနေနဲ့ ဖြည့်ရမယ့် ဖောင်တွေကို ဘင်္ဂလားဒေ့ရှ်ဘက်ကို ပို့ထားပေမယ့် အခုထိတော့ ဖောင်တွေ ပြန်လည်ပေးပို့တာ မရှိသေးဘူးလို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသူတွေ ပြန်လည်လက်ခံဖို့အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်ကို နိုဝင်ဘာ ၂၃ ရက်နေ့ လက်မှတ်ထိုးထားတာဖြစ်ပါ တယ်။

ပြန်လည်လက်ခံရေးစခန်းအဖြစ် တောင်ပြိုလက်ဝဲနဲ့ ငါးခူရ တို့ကိုသတ်မှတ်ထားပြီး ကြားစခန်းအဖြစ် နန့်ပိုးခေါင်ကို သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013