DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦးကို တရားရုံးထုတ်ရင် တွေ့ခွင့်ရမည်ဟု ပြည်ထဲရေး ပြော
DVB
·
December 22, 2017
ရိုက်တာသတင်းထောက် ၂ ဦးကို တရားရုံးထုတ်ရင် တွေ့ခွင့်ရမည်ဟု ပြည်ထဲရေး ပြော
Donate to DVB

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ယောက်ကို ဘယ်မှာ ချုပ်ထားမှန်းမသိပေမယ့် တရားရုံးထုတ်ရင် တွေ့ခွင့်ရမှာပါလို့ ပြည်ထဲရေးအမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က ပြောကြားလိုက်ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးအပြီးမှာ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်က အခုပြန်လည်ဖြေဆိုတာပါ။

“လုပ်ထုံးလုပ်နည်းနဲ့ အညီ ရဲတပ်ဖွဲ့က တည်ဆဲဥပဒေနဲ့အညီ လုပ်မှာပါပဲ။ သူတို့တော့ တရားစွဲထားတာပေါ့။ သတင်းထုတ်တာတွေ ပွင့်ပွင့်လင်းလင်းမြင်မြင်သာသာနဲ့ ပြောမှာပါ။ ဘယ်မှာချုပ်ထားလည်းကတော့ ရဲကမှ သိမှာ။ တပတ်ဆိုတာ ရမန်ယူရတာပေါ့။ ရမန်ကြီးတပတ်ဆိုတာ ၁၅ ရက်ပေါ့။ ရမန်ကြီးတပတ်ယူပြီးတဲ့အချိန်ကြရင် တွေ့ခွင့်ရပါတယ်။ ရမန်ယူရတာပေါ့။ ရမန်ကာလဆို ထုတ်မယ်။ တရားရုံးမှာသွားပြီးတော့မှ သူတို့ ထွက်ဆိုချက်ယူမယ်။ တရားရုံးမှာ စွဲတင်ပေါ့။ အဲကျရင်တွေ့ရမှာပေါ့။

လူအခွင့်အရေးချိုးဖောက်တယ်လို့ ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း “အဲအပေါ်မှာတော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဆက်လုပ်မှာပေါ့။ လူတယောက် အပြစ်မရှိရင်တော့ မဖမ်းပါဘူး။ သူ့တည်ဆဲဥပဒေအရ သူ့ရဲ့ ဆက်သွယ်ရေးဥပဒေတို့ သတ်မှတ်ကန့်သတ်တဲ့ နေရာကို သွားတာတို့ ဒါတွေက နေရာတိုင်းမှာ လုံခြုံရေးဧရိယာရှိတာပေါ့။ ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ နေရာဆိုရင် အဲဒီကိုသွားတာနဲ့ ဖမ်းဆီးချုပ်နှောင်ခွင့်ရှိတာပေါ့။ ပွင့်လင်း မြင်သာစွာနဲ့ ဆောင်ရွက်နေပါတယ်။ အဲအတွက် ဘာမှ စိတ်မပူပါနဲ့” လို့ ဦးတင်မြင့်က ပြောပါတယ်။

ရိုက်တာသတင်းထောက်နှစ်ဖြစ်တဲ့ ကိုဝလုံး(ခ) ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ဟာ ရဲတပ် ဖွဲ့ဝင်နှစ်ဦးဆီက တရားမ၀င်သတင်းအချက်တွေ ရယူလို့ဆိုပြီး မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များဥပဒေနဲ့ ဖမ်းဆီးစစ်ဆေးနေသလို ဘယ်မှာချုပ်ထားမှန်းမသိသေးဘဲ မိသားစုဝင်တွေနဲ့လည်း အခုထိ တွေ့ခွင့်မရသေးပါဘူး။

ရိုက်တာသတင်းထောက် နှစ်ယောက်ကို မိသားစု၊ ရှေ့နေတို့နဲ့ တွေ့ခွင့်ပေးဖို့ အပါအဝင် လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေး လုပ်ဆောင်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013