DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 22, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ၅၇,၄၀၀ ကျပ် ပေါက်ဈေးရှိနေပြီး မနေ့ကထက် ၁ အိတ်ကို ၂,၉၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၇,၀၀၀ ကျပ်ကနေ ငွေကျပ် ၆၀,၀၀၀ ပေါက်ဈေးရှိနေပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၂,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်

ပဲစင်းငုံနီ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်ပဲမှာ ပဲစင်းငုံနီက ၁ အိတ်ကို ငွေကျပ် ၃၉,၅၀၀ ပေါက်ဈေးရှိပြီး ၁ အိတ်ကို ၁,၃၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှတော့ ၁ အိတ်ကို ၃၅,၅၀၀ ကျပ်ကနေ ငွေကျပ် ၃၆,၀၀၀ ပေါက်ဈေးရှိနေပြီး အပြောင်းအလဲ မရှိပါဘူး။

ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၃,၅၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၁၀၀,၀၀၀ ကနေ ငွေကျပ် ၁၀၃,၀၀၀ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၉၉,၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

နှမ်းဖြူ
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ နှမ်းဖြူက ၁ အိတ်ကို ၁၁၅,၀၀၀ ကျပ်ကနေ ငွေကျပ် ၁၃၀,၀၀၀ ပေါက်ဈေးရှိနေပြီး ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၂၄,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေး ကုန်စည်ဒိုင်မှာတော့ နှမ်းဖြူက ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၆,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကုလားပဲ 929
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာ ကုလားပဲ 929 က ၁ အိတ်ကို ၈၅,၅၀၀ ကျပ်ကနေ ငွေကျပ် ၈၇,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ကုလားပဲ အများဆုံး ဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၈၅,၅၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၅၀၀ ကျပ် ဈေးတက်လာပါတယ်။

မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ကြက်သွန်နီ
မြင်းခြံကုန်စည်ဒိုင်မှာ ကြက်သွန်နီက ၁ ပိဿာကို ၁,၂၀၀ ကျပ်ကနေ ၂၁၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ ကြက်သွန်နီ အများဆုံး ဝင်တဲ့ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၅၀၀ ကျပ်ကနေ ငွေကျပ် ၂,၂၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၅၀ ကျပ် ဈေးတက်လာပါတယ်။

မြင်းခြံနဲ့ ပခုက္ကူကုန်စည်ဒိုင် ၁ အိတ်ကို ၁၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြပါ သီးနှံတွေထဲက မတ်ပဲကတော့ တပတ်အတွင်း တအိတ်ကို ၅,၀၀၀ ကျပ်နီးပါး ဈေးတက်လာပြီးတော့ ပဲစင်းငုံနီကတော့ တပတ်အတွင်း တအိတ်ကို ၃,၆၀၀ ကျပ် ဈေးတက်လာပါတယ်။

လက်ရှိမှာတော့ အိန္ဒိယတင်သွင်းမှု သိပ်မရှိပေမယ့် ပြည်တွင်း အဝယ်လိုက်တဲ့အတွက် ခုလို ဈေးမြင့်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013