DVB Logo
Home
မြန်မာသတင်း

သမ္မတ​ဟောင်း မန်းဝင်း​မောင်​ ​နေအိမ် ပြန်​လည်​ပြုပြင်မည်

ပိုင်စိုး
·
December 22, 2017
သမ္မတ​ဟောင်း မန်းဝင်း​မောင်​ ​နေအိမ် ပြန်​လည်​ပြုပြင်မည်
1 / 4
Donate to DVB

နိုင်​ငံ​တော်​သမ္မတ​ဟောင်း မန်းဝင်း​မောင်​ ​နေထိုင်​ခဲ့​တဲ့ အိမ်နဲ့ အစိုးရ အိမ်တော်နီကို ပြန်လည်ပြင်ဆင်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။

ဒီအိမ်တွေဟာ ရန်​ကုန်​တိုင်း​၊ အလုံမြို့နယ်​က နိုင်​ငံ​တော် အစိုးရ ဝင်းအတွင်းမှာ ရှိပြီး ပြန်​လည်​ပြုပြင်​မွမ်းမံတည်​​ဆောက်​ဖို့ လိုအပ်တဲ့ အခြေအနေတွေကို မနေ့ညနေပိုင်းက တိုင်းအစိုးရအဖွဲ့ လျှပ်​စစ်​၊ စက်​မှုလက်​မှုနဲ့ လမ်းပန်းဆက်​သွယ်​​ရေးဝန်​ကြီး ​ဒေါ်နီလာ​ကျော်​က သွားရောက်ကြည့်ရှုခဲ့ပါတယ်။

ပြီးတော့ ပြုပြင်ဖို့ တာဝန်ယူထားတဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေနဲ့လည်း ဆွေးနွေးခဲ့တယ်လို့ တိုင်းအစိုးရက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ဝန်ကြီးဟာ အင်းစိန်​မြို့နယ်​ ​အောက်​မင်္ဂလာဒုံလမ်းမက အစိုးရ စက်​မှုလက်​မှုသိပ္ပံ(အင်းစိန်​) ဂျီတီအိုင်​ကျောင်း အကြီးစား ပြင်​ဆင်​မွမ်းမံတည်​​ဆောက်​ဖို့  လုပ်​ငန်း​ ဆောင်​ရွက်​ထားတဲ့ အခြေအနေတွေကိုလည်း သွားကြည့်ခဲ့တယ်လို့ ဆိုပါတယ်။

Photos : Yangon Region Government

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013