DVB Logo
Home
မြန်မာသတင်း
ပန်းတောင်းမြို့နယ်တွင် မီးကြွင်းမီးကျန်းမှတဆင့် နေအိမ်များ မီးလောင်
DVB
·
December 22, 2017
ပန်းတောင်းမြို့နယ်တွင် မီးကြွင်းမီးကျန်းမှတဆင့် နေအိမ်များ မီးလောင်
Donate to DVB

ပန်းတောင်းမြို့နယ် စွယ်တော်ကျေးရွာမှာ ဒီဇင်ဘာလ ၂၂ ရက် မနက်ပိုင်းက  မီးကြွင်းမီးကျန်ကနေ နေအိမ်တွေ မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

“အိမ်မှာက တယောက်မှ မရှိဘူး။ အားလုံးက တောထဲ ရောက်နေချိန်မှာ ရွာထဲက အသိတယောက်က လှမ်းဖုန်းဆက်လို့ ပြန်လာတော့ အိမ် ၂ လုံးက အိမ်တိုင် အကျွမ်းတွေပဲ ကျန်နေတာ့ပြီး ကျန်တဲ့အိမ် ၂ လုံးကတော့ မီးစွဲလောင်နေတုန်းပဲ။ နောက် ပန်းတောင်း၊ ဥသျှစ်ပင်၊ ပြည်က မီးသတ်ကားတွေ ရောက်လာပြီး ငြှိမ်းတော့မှ ၁၀ နာရီခွဲလောက်မှာ မီးငြိမ်းသွားတာ” လို့ စပါးတင်း ၁၀၀၀ လောက် မီးထဲပါသွားတဲ့ ပိုင်ရှင် ဦးရွှေကျူက ပြောပါတယ်။

“ကိုအောင်ကိုဝင်း အိမ်ကတော့ ရွှေတချို့ မီးလောင်ခံရပြီး စုစုပေါင်း ပိုင်ရှင် ၃ ယောက်ပေါင်းရဲ့ စပါးတင်း ၃၀၀၀ လောက် မီးလောင်ခံရတာ တချို့နဲ့ ရေထိခံရတော့ ဆုံးရှုံးပျက်စီးမယ်လို့ ထင်ပါတယ်။”

မီးလောင်တဲ့ နေရာကို ပြည်၊ ပန်းတောင်း၊ ဥသျှစ်ပင်မြို့တွေက မီးသတ်ကား ၁၀ စီးခန့်နဲ့ ဒေသခံ ပြည်သူတွေ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့တာကြောင့် ၂၅ မိနစ်လောက် အကြာမှာ မီးငြိမ်းသွားခဲ့ပါတယ်။

မီးကြွင်းမီးကျန်ကြောင့် မီးလောင်တယ်လို့ လတ်တလော ဆုံးဖြတ်ထားပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကိုတော့ မသိရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013