DVB Logo
Home
မြန်မာသတင်း
မြန်မာ့ကျောက်မျက်ရတနာပြပွဲမှ ယူရိုသန်း ၄၀၀ ကျော်ဖိုး ရောင်းချခဲ့ရ
DVB
·
December 22, 2017
မြန်မာ့ကျောက်မျက်ရတနာပြပွဲမှ ယူရိုသန်း ၄၀၀ ကျော်ဖိုး ရောင်းချခဲ့ရ
Donate to DVB

နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမမှာ ဒီဇင်ဘာလ ၁၂ ရက်နေ့က ၂၁ ရက်နေ့အထိ ပြုလုပ်ခဲ့တဲ့ ၂၀၁၇ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲကနေ ယူရို ၄၃၉ ဒသမ ၃၅ သန်းဖိုး ရောင်းချခဲ့ရပါတယ်။

တင်ပြတဲ့ ကျောက်မျက်အတွဲ ၁၉၀ တွဲကနေ ၃၂ တွဲ ရောင်းချခဲ့ရပြီး စုစုပေါင်းတန်ဖိုး ယူရို သုည ဒသမ ၇၇ သန်း၊ တင်ပြကျောက်စိမ်းအတွဲ ၆၆၈၅ တွဲကနေ ၅၀၅၄ တွဲရောင်းချခဲ့ရပြီး စုစုပေါင်းတန်ဖိုး ယူရို ၄၃၈ ဒသမ ၅၈ သန်း ရောင်းချခဲ့ရတာပါ။

စုစုပေါင်း တင်ပြတဲ့ ကျောက်မျက်၊ ကျောက်စိမ်းအတွဲ ၆၈၇၅ အတွဲကနေ ၅၀၈၆ တွဲရောင်းခဲ့ရတာ ဖြစ်ပြီး စုစုပေါင်း တန်ဖိုး ယူရို ၄၃၉ ဒသမ ၃၅ သန်းဖိုး ရောင်းချခဲ့ရတာလို့ သိရပါတယ်။

ပြပွဲကျင်းပရေးကော်မတီ အထွေထွေမန်နေဂျာ ဦးမင်းသူက “ကျောက်စိမ်းမှာ ကြမ်းခင်းဈေး အမြင့်ဆုံးဖြစ်တဲ့ ယူရို ၅ ဒသမ ၈ သန်း အခြေခံဈေးထားတဲ့ နှစ်တွဲကတော့ နှစ်တွဲလုံး မရောင်းရဘူး။ နောက် ၅ သန်း တတွဲလည်း ပါတယ်။ အဲဒါလည်း မရောင်းရဘူး။ ကျန်တဲ့အထဲက ကြမ်းခင်းဈေး ၁၂၈၀၀၀ ရှိတဲ့အတွဲကို ၁၂ ဒသမ ၅ သန်းနဲ့ အများဆုံး ရောင်းရတယ်” လို့ ပြောပါတယ်။

ကျောက်မျက်အတွဲမှာလည်း ကြမ်းခင်းဈေး ၈၅၀၀၀ ယူရိုရှိတဲ့ ကျေက်မျက်အတွဲကို ယူရို ၁၀၀၀၈၈ နဲ့ အမြင့်ဆုံး ရောင်းချခဲ့ရတယ်လို့ ကျောက်မျက်ကော်မတီအတွင်းရေးမှူး ဦးလှအောင်က ဆိုပါတယ်။

ပြပွဲကို ပြည်တွင်းပြည်ပ ရတနာကုန်သည် ၄၄၃၂ ဦး တက်လာရောက်ခဲ့ပြီး တရုတ်ကုန်သည်က အများဆုံးလို့ သိရပါတယ်။

လက်ရှိ ကျင်းပနေတဲ့ ကျောက်မျက်ပြပွဲတွေမှာ စပေါ်ငွေ ၅ ရာခိုင်နှုန်းပဲ တင်ရပေမယ့် နောက်ကျင်းပမယ့် ကျောက်မျက်ပြပွဲမှာ စပေါ်ငွေ ၁၀ ရာခိုင်နှုန်းထိ တိုးမြှင့်သွားမယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013