DVB Logo
Home
မြန်မာသတင်း
မိုးကြိုးပြင်ရွာထိပ် လက်ပံတောင်းတောင် သပိတ်စခန်း မီးရှို့ဖျက်ဆီးခံရ
DVB
·
December 22, 2017
မိုးကြိုးပြင်ရွာထိပ် လက်ပံတောင်းတောင် သပိတ်စခန်း မီးရှို့ဖျက်ဆီးခံရ
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ၊ ပုသိမ်-မုံရွာ ကားလမ်းဘေး၊ မိုးကြိုးပြင်အလယ်ရွာထိပ်မှာ ဖွင့်ထားတဲ့ ဒေသခံတွေရဲ့ သပိတ်စခန်း ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် ၁ နာရီအချိန်လောက်က မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။

မိုးကြိုးပြင်ရွာသား ကိုဝင်းကြိုင်က “မနက်ဖြန် မခင်ဝင်း ကျဆုံးတာ ၃ နှစ်ပြည့် အခမ်းအနားလုပ်ဖို့ လူတွေက အကုန် ရွာထဲ ရောက်နေကြတာ။ အခုအကြိမ်ရောဆို ၅ ကြိမ်ရှိပြီ။ သပိတ်စခန်း ဖျက်ဆီးခံရတာ။ ၁၈ ရက်နေ့ကလည်း တခါ ရှို့သေးတယ်။ အဲဒါတုန်းကတော့ သိလိုက်လို့ နည်းနည်းပဲ လောင်သွားတယ်။ အခုကတော့ ပြာကျမှ သိတော့တာ။ ကုမ္ပဏီ၊ အာဏာပိုင်အဖွဲ့က လုပ်တာပဲ ဖြစ်ရမယ်။ အလံတွေ၊ မိုးကာတွေ ခိုးခံရတာလည်း ခဏ ခဏပဲ”လို့  ဒီဗွီဘီကို ပြောပါတယ်။

မိုးကြိုးပြင် သပိတ်စခန်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ၇ ရက်နေ့ကလည်း ဖောကား ၂ စီး၊ လိုက်ထရပ်ကား တစီးနဲ့ လာရောက်ဖျက်တာတွေ ပြုလုပ်သွားခဲ့ပါသေးတယ်။

ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ဒေါက်တာသိန်းနိုင်က “သပိတ်စခန်းက ကျောက်တုံးတွေနဲ့ရော ပိတ်ထားတာတွေ ရှိလို့ သွားလာရေးခက်လို့ ကျနော်တို့ဆီရော၊ ထွေအုပ်ရော ခရီးသွားအချို့က လာပြောတာတွေ ရှိတယ်။ လုံထိန်းကတော့ တရားဝင်ဖျက်တာ ၁ ကြိမ်ပဲ ရှိသေးတယ်။ ကျန်တာတွေကတော့ ဘယ်သူတွေ ဖျက်တာလဲ၊ ဘာကြောင့် ဖျက်တာလဲ ဆိုတာကို သိအောင် ဖမ်းပြီး ဒေသခံတွေအနေနဲ့ တရားစွဲတာတွေ လုပ်ဖို့ လိုတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီနေ့က မိုးကြိုးပြင်အလယ်ရွာ ဒေါခင်ဝင်း နေအိမ်မှာ လက်ပံတောင်းတောင်အရေး လုပ်ဆောင်ရင်း သေနတ်ထိမှန် ကျဆုံးခဲ့ရတဲ့ ဒေါ်ခင်ဝင်း ကျဆုံးခြင်း ၃ နှစ်ပြည့်ပွဲ လုပ်ဆောင်ဖို့လည်း ပြင်ဆင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013