DVB Logo
Home
မြန်မာသတင်း
မကွေးမြို့ ကန်သာဈေး သက်တမ်းလွန် စားသောက်ကုန်များကို သိမ်းဆည်း
DVB
·
December 22, 2017
မကွေးမြို့ ကန်သာဈေး သက်တမ်းလွန် စားသောက်ကုန်များကို သိမ်းဆည်း
Donate to DVB

မကွေးမြို့၊ ကန်သာဈေးရှိ ဈေးဆိုင်တွေကို တာဝန်ရှိသူတွေက ရှောင်တခင်ဝင်ရောက်စစ်ဆေးပြီး သက်တမ်းလွန် စားသောက်ကုန်တွေကို သိမ်းဆည်းခဲ့ပါတယ်။

မကွေးမြို့ပေါ်ရှိ ဈေး ၅ ဈေးအနက်မှ ကန်သာဈေးရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အချို့ကို ဒီဇင်ဘာ ၂၁ ရက်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ရှောင်တခင် ၀င်ရောက်စစ်ဆေး သိမ်းဆည်းခဲ့တာလို့ စားသုံးသူရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးမိုးက ဒီဗွီဘီကိုပြောပါတယ်။

“ဒေသတွင်းထုတ်တဲ့မုန့်တွေ၊ ရန်ကုန်၊ မန္တလေးက မှာယူတဲ့မုန့်တွေကို စစ်ဆေးတဲ့အခါမှာ ဒေသတွင်းက ထုတ်လုပ်တဲ့ မုန့်အချို့မှာ သတင်းအချက်အလက် ပြည့်စုံစွာ ဖော်ပြထားမှု မရှိတာကို တွေ့ရပါတယ်။ နယ်က မှာယူရောင်းချတဲ့ မုန့်တွေမှာတော့ date ဖော်ပြထားပေမယ့် ထုတ်လုပ်တဲ့ date နဲ့ နောက်ဆုံးသုံးစွဲရမယ့် date ကို ကွဲကွဲပြားပြား ဖော်ပြတာမျိုး မဟုတ်ဘဲနဲ့ စားသုံးသူ ထင်ယောင်ထင်မှား ဖြစ်အောင်ရည်ရွယ်ပြီး လုပ်တဲ့ အနေအထားကို တွေ့ရပါတယ်။ နောက်ဆုံးသုံးစွဲရမယ့်ရက်ကို ပြင်ဆင်ထားတဲ့ ကိတ်မုန့်တွေလည်း တွေ့ရပါတယ်။”

ခရိုင်တာဝန်ရှိသူတွေနဲ့ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ဝင်တွေရဲ့ ဒီဇင်ဘာ ၂၀ ရက်နေ့ စစ်ဆေးချက်အရ သက်တမ်းလွန်အချိုရည် နဲ့ မုန့်မျိုးစုံ ၁၄ မျိုး၊ အရေအတွက် ၁၀၁ ခုကိုလည်း သိမ်းဆည်းမိခဲ့တယ်လို့ ဆိုပါတယ်။

ဒေသတွင်းထုတ်လုပ်တဲ့ C plus အချိုရည်မှာ သတင်းအချက်အလက်ပြည့်စုံစွာ ဖော်ပြမထားလို့ ထုတ်လုပ်သူလုပ်ငန်းရှင်အားခေါ်ယူကာ ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းခိုင်းပြီး အသေးစားစက်မှုလုပ်ငန်းဦးစီးဌာနမှာ မှတ်ပုံတင်ဖို့ ခေါ်ယူဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013