DVB Logo
Home
မြန်မာသတင်း
မြန်မာထိပ်တန်းစစ်ခေါင်းဆောင်တဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့
DVB
·
December 22, 2017
မြန်မာထိပ်တန်းစစ်ခေါင်းဆောင်တဦးကို အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့
Donate to DVB

လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွှယ်ပြီး မြန်မာထိပ်တန်းစစ်ဘက်ဆိုင်ရာ အရာရှိတဦးဖြစ်တဲ့ ဗိုလ်ချုပ်မောင်မောင်စိုးကို အမေရိကန်နိုင်ငံက စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့လိုက်တယ်လို့ ဒီဇင်ဘာ ၂၁ ရက်နေ့က အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အမေရိကန်နိုင်ငံ လွှတ်တော်ထဲမှာ မနှစ်က ပြဋ္ဌာန်းလိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအပေါ် အမေရိကန်အစိုးရက အရေးယူ ဒဏ်ခတ်တဲ့ ဥပဒေအရ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်လိုက်တဲ့ စာရင်းထဲမှာ တခြားလူ ၁၃ ဦးနဲ့အတူ ပါဝင်လာခဲ့တာပါ။

ဗိုလ်ချုပ်မောင်မောင်စိုးဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်းတဦး ဖြစ်ကာ ပြီးခဲ့တဲ့ သြဂုတ်လက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေကြား စစ်ဆင်ရေးတွေမှာ ကြီးကြပ်တာဝန်ယူခဲ့သူတဦး ဖြစ်တာမို့ ခုလို ဒဏ်ခတ်ပိတ်ဆို့လိုက်တာလို့ ဆိုပါတယ်။

ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိကြောင်း ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ခုလို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု ခံရသူတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ ပိုင်ဆိုင်မှုတွေရှိရင် ထိန်းချုပ်ခံရမှာဖြစ်ပြီး အမေရိကန်နဲ့ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတွေမှာလည်း ထိတွေ့ဆက်ဆံ လုပ်ကိုင်ခွင့်တွေ ပိတ်ဆို့ထားမှာ ဖြစ်ပါတယ်။

အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စတင်လျှော့ချခဲ့တာဖြစ်ပြီး ဒါဟာ တကျော့ပြန် ဒဏ်ခတ်ပိတ်ဆို့မှုဖြစ်တယ်လို့ အေပီသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

အခုထုတ်ပြန်လိုက်တဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုခံရသူ စာရင်းထဲမှာ ဂမ်ဘီယာသမ္မတဟောင်း၊ ဥဇဘက်ကစ္စတန်အာဏာရှင်ရဲ့ သမီးဖြစ်သူနဲ့ ရုရှားရှေ့နေချုပ်ရဲ့ သားဖြစ်သူတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကို ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ တာဝန်ကနေ ဖယ်ရှားပြီး သူ့နေရာမှာ  ဗိုလ်မှူးချုပ် စိုးတင့်နိုင်ကို အစားထိုးခန့်အပ်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013