DVB Logo
Home
မြန်မာသတင်း
ရိုက်တာသတင်းထောက် ၂ ဦး၏ အခွင့်အရေးပေးရန် လူ့အခွင့်အရေးကော်မရှင် တောင်းဆို
DVB
·
December 21, 2017
ရိုက်တာသတင်းထောက် ၂ ဦး၏ အခွင့်အရေးပေးရန် လူ့အခွင့်အရေးကော်မရှင် တောင်းဆို
Donate to DVB

အဖမ်းခံထားရတဲ့ ရိုက်တာသတင်းထောက် နှစ်ယောက်ကို မိသားစု၊ ရှေ့နေတို့နဲ့ တွေ့ခွင့်ပေးဖို့ အပါအဝင် လူ့အခွင့်အရေးများ ရရှိခံစားနိုင်ရေး လုပ်ဆောင်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။

ဒီဇင်ဘာ ၂၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ ဖော်ပြ တောင်းဆိုလိုက်တာ ဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် ညှဉ်းပန်းနှိပ်စက်မှု မခံရစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှုရရှိရေး၊ မိသားစုဝင်တွေ၊ ရှေ့နေနဲ့ တွေ့ဆုံခွင့် ရရှိရေးတို့ အပါအဝင် သူတို့နှစ်ယောက်ရဲ့ ရပိုင်ခွင့်ရှိတဲ့ လူ့အခွင့်အရေးတွေ ရရှိခံစားနိုင်ရေး ဆောင်ရွက်ပေးသင့်ပါတယ်လို့  တိုက်တွန်းထားပါတယ်။

သတင်းထောက် နှစ်ဦးဟာ မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့် မရရှိဘဲ ဘယ်နေရာမှာ  ချုပ်နှောင်ထားသလဲ ဆိုတာလည်း မသိရ၊ သူတို့အပေါ် စွပ်စွဲချက်တွေကို ခုခံချေပ ဖြေရှင်းနိုင်ရေးအတွက် ရှေ့နေနဲ့ တွေ့ဆုံခွင့်လည်း မရကြောင်း ကော်မရှင်ကို တိုင်တန်းထားတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရိုက်တာသတင်းထောက် ၂ ဦးကို လွှတ်ပေးဖို့ ကုလ၊ အီးယူ၊ ဗြိတိန်၊ အမေရိကန်တို့ကလည်း တောင်းဆိုထားကြပါတယ်။

ရိုက်တာသတင်းဌာနရဲ့ သတင်းထောက်တွေဖြစ်တဲ့ ကိုသက်ဦးမောင်(ခ)ကိုဝလုံးနဲ့ ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်၊ ရဲဝန်ထမ်း ၂ ဦးတို့ကို ဖမ်းဆီးထားပြီး  ဗြိတိသျှကိုလိုနီခေတ်က ၁၉၂၃ ခုနှစ် အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ အရေးယူထားတာဖြစ်ပါတယ်။

အစိုးရ ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ လက်ထိတ်ခတ်ခံထားရတဲ့ သတင်းထောက် ၂ ယောက်ရဲ့ ဓာတ်ပုံနဲ့အတူ အဲဒီသတင်းထောက်တွေဟာ အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပမီဒီယာတွေကို ပေးပို့လိုတဲ့ ရည်ရွယ်ချက်နဲ့ သတင်းအချက်အလက်တွေကို တရားမဝင် ရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013