DVB Logo
Home
မြန်မာသတင်း
ရွှေကူစုကျေးရွာတွင် နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံး
DVB
·
December 21, 2017
ရွှေကူစုကျေးရွာတွင် နေအိမ် နှစ်လုံး မီးလောင်ဆုံးရှုံး
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ အလယ်ချောင်းကျေးရွာအုပ်စု၊ ရွှေကူစု ကျေးရွာမှာ ဒီဇင်ဘာ ၂၀ ရက်နေ့ နေ့လယ် ၁ နာရီလောက်က မီးလောင်ကျွမ်းမှုဖြစ်ပြီး နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ရွှေကူစုကျေးရွာရှိ ဥယျာဉ်လုပ်ကိုင်တဲ့ မိသားစု ၁၀ နှစ်အရွယ်မိန်းကလေးတဦး ထမင်းအိုးတည်ဖို့ ထင်းမီးကို အသုံးပြုရာမှ မီးစတင်လောင်ကျွမ်းခဲ့တယ်လို့ သမုတ်ရဲစခန်းမှူး ရဲအုပ်ဝင်းမြင့်ထွန်းက ပြောပါတယ်။

“မိန်းကလေးက ထမင်းစားဖို့ ထင်းမီးအသုံးပြုပြီး ထမင်အိုးတည်တယ်။ လေပြင်းကလည်းတိုက်နေတဲ့ အချိန်မှာ ဓနိအကာကိုမီးကူးပြီး လောင်ကျွမ်းသွားတာ။ အလျား ၁၅ ပေ၊ အနံ ၁၀ ပေ မြင့် ၁၃ ပေ ဓနိမိုး ဓနိကာနေအိမ် မီးလောင်ကျွမ်းသွားတယ်။ အခင်းဖြစ်တဲ့ အချိန်မှာမိဘတွေက ဥယျာဉ်ထဲကိုသွားနေတယ်။ ဘေးက အိမ်ကိုလည်း ကူးစက်လောင်ကျွမ်းခဲ့ရတယ်။”

မီးလောင်ကျွမ်းမှုဖြစ်ပွားရာကို ကျွဲကူးနယ်မြေမီး သတ်စခန်းမှ မီးသတ်ယာဉ် ၁ စီးနဲ့ ရေသယ်ယာဉ် ၁ စီး၊ သန္ဓေတပ်ဖွဲ့ ၆ ဦး၊ အရန် မီးသတ် တပ်ဖွဲ့ဝင် ၁၆ ဦးနဲ့ ဒေသခံတွေက ၀ိုင်းဝန်း ငြှိမ်းသတ်ခဲ့ရကြောင်း သိရပါတယ်။

သမုတ်နယ်မြေရဲစခန်းက မီးလောင်မှု ဖြစ်စဉ်မှာ တာဝန်ရှိသူ စောကလာသူး ကို ရာဇသတ်ကြီးပုဒ်မ-၂၈၅ နဲ့ အရေးယူ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

မြတ်ထွဋ် ( မြိတ် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013