DVB Logo
Home
မြန်မာသတင်း
ကျောင်းဆင်းချိန် လမ်းရှင်းပေးနေသည့် ယာဉ်ထိန်းရဲမေ ဆိုင်ကယ်တိုက်ခံရ
DVB
·
December 21, 2017
ကျောင်းဆင်းချိန် လမ်းရှင်းပေးနေသည့် ယာဉ်ထိန်းရဲမေ ဆိုင်ကယ်တိုက်ခံရ
Donate to DVB

မိတ္ထီလာမြို့နယ် မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်း မိုင်တိုင် ၁/၁ နဲ့ ၂ အကြား ပညာရေးကောလိပ်ရှေ့မှာ ကျောင်းဆင်းလာတဲ့ ကျောင်းသားတွေ လမ်းကူးဖို့ လမ်းရှင်းပေးနေတဲ့ ယာဉ်ထိန်း ရဲမေ ဆိုင်ကယ်နဲ့တိုက်မိလို့ ပြင်းထန်ဒဏ်ရာရသွားတယ်လို့ မိတ္ထီလာမြို့မရဲစခန်း တာဝန်ကျရဲအရာရှိက ပြောပါတယ်။

ဖြစ်စဉ်မှာ မိတ္ထီလာကောလိပ်အတွင်းရှိ လေ့ကျင့်ရေးအလယ်တန်းကျောင်းက ကျောင်းဆင်းလာတဲ့ ကျောင်သားကျောင်းသူတွေ လမ်းကူးနိုင်ဖို့ လမ်းရှင်းပေးနေတဲ့ ယာဉ်ထိန်းရဲမေ မမျိုးသန္တာဦးကို မိတ္ထီလာမြို့နယ် ရေဝေရွာနေ ကိုတင်းဝင်းနိုင်စီးလာတဲ့ ဆိုင်ကယ်နဲ့ တိုက်မိလို့ ယာဉ်ထိန်းရဲမေ နဲ့ ဆိုင်ကယ်သမား ၂ ဦးလုံး ပြင်းထန်ဒဏ်ရာရသွားကြတယ်လို့ တာဝန်ကျရဲအရာရှိက ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်း ဒုရဲအုပ်အောင်သူမင်းက “ယာဉ်ထိန်းရဲမေ ဘယ်ဘက်ခြေကျင်းဝတ် အရိုးကျိုးသွားတယ်။ ဆိုင်ကယ်သမားကတော့ မေးစေ့နဲ့လက် ခြေထောက်တွေ ပွန်းပဲ့ကုန်တယ်။ သတိမေ့နေတယ်။ မိတ္ထီလာဆေးရုံ ပို့ပေးရတယ်” လို့ ပြောပါတယ်။

ကျောင်းကြိုတဲ့ ကျောင်းသားမိဘတဦးက “ဆိုင်ကယ်တွေ ကားတွေကို ရဲမေက လက်ပြတားထားတယ်။ အရေးကြီးလာတာလား မသိဘူး။ ဆိုင်ကယ်ကို အတင်းမောင်းလာတာပဲ။ ရဲမေကို တိုက်မိသွားတယ်”လို့ ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းက တင်ဝင်းနိုင်ကို ၁၀ နှစ်အထိပြစ်ဒဏ်ရှိတဲ့ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းကို ပြင်းထန်ဒဏ်ရာရစေမှု၊ ယာဉ်မဆင်မခြင်မောင်းလို့ သာမန်ဒဏ်ရာရမှု၊ ပြင်းထန်ဒဏ်ရာရမှု ရာဇသတ်ကြီးပုဒ်မ ၃၃၃/၃၃၇/၃၃၈ တို့နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013