DVB Logo
Home
မြန်မာသတင်း
သတင်းထောက် ၂ ဦး ဖမ်းဆီးခံရသည့်ကိစ္စ သတင်းမီဒီယာကောင်စီ ကြေညာချက်ထုတ်ပြန်
DVB
·
December 21, 2017
သတင်းထောက် ၂ ဦး ဖမ်းဆီးခံရသည့်ကိစ္စ သတင်းမီဒီယာကောင်စီ ကြေညာချက်ထုတ်ပြန်
Donate to DVB

ရိုက်တာသတင်းဌာနက မြန်မာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုကျော်စိုးဦး(ခ)မိုးအောင်၊ ကိုသက်ဦးမောင်(ခ)ဝလုံးတို့ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒီဇင်ဘာလ ၂၀ ရက်နေ့က သဘောထားထုတ်ပြန်ချက် ကြေညာလိုက်ပါတယ်။

သတင်းမီဒီယာကောင်စီက ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ အခု ဖမ်းဆီးခံနေရတဲ့ သတင်းသမားနှစ်ယောက်ကိစ္စကို သတင်းမီဒီယာ ဥပဒေအရ ဖြေရှင်းခွင့်ရပါက ဖြေရှင်းပေးလိုကြောင်း၊ တရားရုံးတင် စစ်ဆေးမည် ဆိုပါကလည်း လိုအပ်မယ်ဆိုရင် Expert Witness ကျွမ်းကျင်သူ အသိသက်သေအနေနဲ့ သတင်းမီဒီယာကောင်စီက ဆောင်ရွက်လိုကြောင်း၊ သတင်းထောက်နှစ်ဦးအတွက် တရားမျှတသော ဆုံးဖြတ်ချက်ဖြစ်ဖို့ Legal Assistance ဥပဒေရေးရာ အထောက်အကူ လိုအပ်ပါက သတင်းမီဒီယာကောင်စီအား လုပ်ဆောင်ခွင့် ပေးစေလိုတယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် ကောင်စီအနေနဲ့ သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာ တိကျမှု၊ ဘက်မလိုက်မှုနဲ့ မျှတမှုများ၊ ပေါက်ကြားလာသော အကြောင်းအရာများ၊ ကန့်သတ်သတင်းအချက်အလက်တွေနဲ့ သတင်းရင်းမြစ် ကာကွယ်ခြင်းတို့နဲ့ပတ်သက်ပြီး ရပ်တည် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ပါရှိပါတယ်။

ရိုက်တာသတင်းဌာနက မြန်မာသတင်းထောက်တွေကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ လျှို့ဝှက်ချက်များ ဥပဒေပုဒ်မ ၃ နဲ့ ဖမ်းဆီးခံထားရတာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013