DVB Logo
Home
မြန်မာသတင်း
ရခိုင်အကြံပေးအဖွဲ့တွင် နိုင်ငံခြားသားပါဝင်မှုကို ပါတီ ၂၄ ခု ကန့်ကွက်
DVB
·
December 21, 2017
ရခိုင်အကြံပေးအဖွဲ့တွင် နိုင်ငံခြားသားပါဝင်မှုကို ပါတီ ၂၄ ခု ကန့်ကွက်
Donate to DVB

ရခိုင်အကြံပေးကော်မရှင်မှာ နိုင်ငံခြားသားများ ထည့်သွင်းဖွဲ့စည်းလိုက်တာဟာ နိုင်ငံ့အချုပ်အခြာအာဏာကို ဝင်ရောက်စွက်ဖက်ခွင့် ပေးလိုက်ရာရောက်လို့ ကန့်ကွက်တယ်လို့ နိုင်ငံရေးပါတီ ၂၄ ခုက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဌာနချုပ် ရန်ကုန်မှာ ဒီဇင်ဘာ ၂၀ ရက်က နိုင်ငံရေးပါတီတွေ စုပေါင်းတွေ့ဆုံပွဲအပြီး ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ယင်းအကြံပေးဆိုသူများက မိမိနိုင်ငံ၏ အချုပ်အခြာအာဏာပိုင် ကိစ္စရပ်များကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်စွက်ဖက်ဆောင်ရွက်ခွင့်ကို တရားဝင် ခွင့်ပြုလိုက်သည့် အနေအထားသို့ ရောက်ရှိနေသည့်အတွက် မိမိတို့ပါတီများက သဘောမတူ ကန့်ကွက်ကြောင်း ကြေညာအပ်ပါသည်၊”

ဒါ့အပြင် အကြံပေးဆိုသူတွေရဲ့ သုံးသပ်ချက် အကြံပြုချက် အစီရင်ခံစာတွေဟာ မြန်မာနိုင်ငံကို ဖိအားပေး အကျပ်ကိုင်နေတဲ့ ပြည်ပနိုင်ငံတွေရဲ့ လိုလားချက်အတိုင်း တသဝေမတိမ်း တူညီနေတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ကြေညာချက်ထုတ်ပြန်တဲ့ နိုင်ငံရေးပါတီ ၂၄ ခုထဲမှာ ပြည်ခိုင်ဖြိုးပါတီအပြင် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့ ပါတီတွေ ပါဝင်ပါတယ်။

Photo : The Union Daily

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013