DVB Logo
Home
မြန်မာသတင်း
နှစ်လယ် ကျောက်မျက်ရတနာပြပွဲ  ၅ ရက်အတွင်း ကျပ်သန်းပေါင်း ၃ သိန်းခွဲခန့် ရရှိ
DVB
·
December 21, 2017
နှစ်လယ် ကျောက်မျက်ရတနာပြပွဲ  ၅ ရက်အတွင်း ကျပ်သန်းပေါင်း ၃ သိန်းခွဲခန့် ရရှိ
Donate to DVB

နှစ်လယ် ကျောက်မျက်ရတနာပြပွဲက ၅ ရက်တာ ရောင်းရငွေဟာ ကျပ်သန်းပေါင်း ၃ သိန်းခွဲလောက် ရထားပြီလို့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရဲ့ သတင်းတွေအရ သိရပါတယ်။

မနေ့က ကျောက်စိမ်းအတွဲပေါင်း ၁၁၅၀ ကို အိတ်ဖွင့်တင်ဒါစနစ်နဲ့ ရောင်းချရာမှာ ၈၆၁ တွဲကို ယူရို ၃၈ ဒသမ ၂၂၆ သန်းနဲ့ ရောင်းချရခဲ့ပါတယ်။

အဲဒါကြောင့် ၅ ရက်တာ ရောင်းချရငွေပေါင်း ယူရိုသန်း ၂၀၄ ဒသမ ၃၀၉ ရှိပြီး ဗဟိုဘဏ် သတ်မှတ်နှုန်း တယူရိုကို ၁၆၁၆ ဒသမ ၆ ကျပ်နဲ့ တွက်ကြည့်ရင် မြန်မာငွေ ကျပ်သန်းပေါင်း ၃၃၀၂၈၅ ကျော်ရှိနေတာပါ။

ဒီဇင်ဘာ ၁၈ ရက်နေ့ကတော့ ကြမ်းခင်ဈေး ယူရို တသိန်းရှစ်သောင်း သတ်မှတ်ထားတဲ့ အလေးချိန် ၄ ကီလိုဂရမ်ရှိ ကျောက်စိမ်းတွဲကို ယူရို ၂၆ သိန်းကျော် (မြန်မာငွေ သိန်းပေါင်း ၄ သောင်းကျော်) နဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

ဒီပြပွဲကို ပြည်တွင်း ပြည်ပ ကျောက်မျက်ကုန်သည်ပေါင်း ၅ ထောင်လောက် ရောက်နေပြီး ဒီဇင်ဘာ ၁၂ ရက်ကနေ ၂၁ ရက်နေ့အထိ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမမှာ ပြုလုပ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013