DVB Logo
Home
မြန်မာသတင်း
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ဆုံးဖြတ်ချက်အား အလေးထားလိုက်နာရန် တိုက်တွန်း
DVB
·
December 20, 2017
ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ ဆုံးဖြတ်ချက်အား အလေးထားလိုက်နာရန် တိုက်တွန်း
Donate to DVB

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက်ရည်ရွယ်တဲ့  အမျိုးသား ဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လူထုတွေ့ဆုံပွဲတွေ အောင်မြင်စေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီဆုံးဖြတ်ချက်ကို အလေးထား လိုက်နာဖို့  အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့က တောင်းဆိုလိုက်ပါတယ်။

အဆိုပါတိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့ဟာ ဒီဇင်ဘာ ၁၄ ရက်ကနေ ၁၈ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပတဲ့  တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံအတွက် ကြိုတင် ပြင်ဆင်ရေးအစည်းအဝေး ကျင်းပအပြီး ကြေညာချက်ထုတ်ပြန် တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်အရေးကိစ္စတွေဆွေးနွေးခဲ့ကြပြီး အချက် ၅ချက်ကို သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

ဆုံးဖြတ်ချက်တွေထဲမှာ  နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ထားတဲ့ မူကြမ်းကို အတည်ပြုပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ၊ လူထုဆွေးနွေးပွဲတွေမှာ ပြန်လည်ရှင်းလင်း တင်ပြပြီး အကြံပြုချက်သဘောထားတွေ ရယူသွားဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပိုမိုအောင်မြင်ရေးအတွက် ကဏ္ဍအလိုက် အလွတ်သဘောဆွေးနွေး မယ့်လုပ်ငန်းစဉ်တွေ ဆောင်ရွက်သွားဖို့တွေလည်းပါဝင်ပါတယ်။

ဒါ့အပြင် အပစ်ရပ် ၈ ဖွဲ့အနေနဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးလက်ခံနိုင်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူတွေ ရရှိရေးကို ဦးတည်ပြီး တတိယအကြိမ် ၂၁  ရာစုပင်လုံညီလာခံမှာ တက်ကြွစွာပါဝင်ဆွေးနွေးသွားမယ်လို့ လည်းဆုံးဖြတ်လိုက်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013