DVB Logo
Home
မြန်မာသတင်း
ရဲတပ်ဖွဲ့ ၁၉၉ ဖုန်းသို့ မမှန်သတင်းပေး နောက်ပြောင်သူကို ဖမ်းဆီး
DVB
·
December 20, 2017
ရဲတပ်ဖွဲ့ ၁၉၉ ဖုန်းသို့ မမှန်သတင်းပေး နောက်ပြောင်သူကို ဖမ်းဆီး
Donate to DVB

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှာ ဖွင့်ထားတဲ့ ၁၉၉ ကောလ်စင်တာကို မမှန်သတင်းပေးပြီး လှောင်ပြောင်ခဲ့သူကို ဖော်ထုတ်ဖမ်းဆီးခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီနေ့ မနက်ပိုင်း ၂ နာရီလောက်က ရွှေပြည်သာမြို့နယ်၊ ကွန်ပျူတာ တက္ကသိုလ်ရှေ့မှာ အုပ်စုဖွဲ့ ရိုက်နှက်နေတယ်လို့ ဖုန်းဆက်လာတဲ့အတွက် ၁၉၉ က လှော်ကားနယ်မြေရဲစခန်းကို သတင်းအတည်ပြုခိုင်းခဲ့ပါတယ်။

ဒါကြောင့် နယ်မြေရဲစခန်း ရဲစခန်းမှူး ဦးစီးတဲ့ တပ်ဖွဲ့ဝင်တွေက တိုင်တန်းတဲ့ နေရာကို သွားပြီး အတည်ပြုရာမှာ ရန်ဖြစ်တာ မတွေ့ရလို့ ၁၉၉ ကို အကြောင်းပြန်ခဲ့ပါတယ်။

ခဏအကြာမှာ စောစောက သတင်းပေးခဲ့သူကပဲ ရန်ဖြစ်တဲ့ နေရာကို ရဲတွေ ရောက်မလာဘူးလို့ ၁၉၉ ကို ထပ်ပြီး အကြောင်းကြား လာတာကြောင့်သတင်းပေးတဲ့သူရဲ့  ဖုန်းနံပါတ်ကို တောင်းတဲ့အခါ  09-401855115 ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီနံပါတ်ကို လှော်ကားနယ်မြေရဲစခန်းမှူးက ဆက်ပြီး ခိုက်ရန်ဖြစ်ပွားတဲ့ နေရာကို မေးရာမှာ နေရာ အမျိုးမျိုးပြောင်းပြီး သတင်းပေးနေတာကြောင့် အခင်းဖြစ်တဲ့နေရာကို လိုက်ပြီး စုံစမ်းပေမယ့် မတွေ့ဘူးလို့ ဆိုပါတယ်။

ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေက အဖွဲ့ ၂ ဖွဲ့ခွဲပြီး ထောက်လှမ်းရာမှာ သတင်းပေးတဲ့သူဟာ ရွှေပြည်သာမြို့နယ်၊ ကျောင်းကုန်းရပ်ကွက်၊ ပေါင်ချိန်စက်ရုံအနီး အုတ်စက်ဝင်းဟောင်း အုတ်နံရံကြားမှာ လိုက်လံရှာဖွေနေတဲ့ ရဲတွေကို လှောင်ပြောင်ရယ်မောပြီး ဖုန်းဆက်နေတဲ့ ဇင်ဇော်မင်း ၃၈ နှစ် ကို တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။

သူ့ရဲ့ ဖုန်းကို စစ်ကြည့်ရာမှာလည်း ၁၉၉ ကောလ်စင်တာ၊ ရဲစခန်းမှူးနဲ့ ဆက်ထားတဲ့ ဖုန်းခေါ်စာရင်းတွေ တွေ့ရတာကြောင့် မမှန်သတင်းပေးမှု ရာဇသတ်ကြီးပုဒ်မ ၁၈၂ နဲ့ အရေးယူထားတယ်လို့ ဆိုပါတယ်။

မမှန်သတင်းပေးတာကြောင့် ကူညီရတဲ့ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ မလိုအပ်ဘဲအချိန်ကုန်တာ၊ တကယ်ကူညီရမယ့် ကိစ္စတွေ နှောင့်နှေးကြန့်ကြာတာတွေ ဖြစ်တာကြောင့် မလုပ်ကြဖို့ကိုလည်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013