DVB Logo
Home
မြန်မာသတင်း
စစ်တွေတွင် ROMA TIME အယ်ဒီတာချုပ်စူးချွန်ဖြင့်ထိုးခံရပြီး အရေးပေါ်ကုသနေရ
DVB
·
December 20, 2017
စစ်တွေတွင် ROMA TIME အယ်ဒီတာချုပ်စူးချွန်ဖြင့်ထိုးခံရပြီး အရေးပေါ်ကုသနေရ
Donate to DVB

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ Roma Time ဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ကျော်လင်း(ရောင်စုံ)ကို အမည်မသိဆိုင်ကယ်စီးလာတဲ့သူနှစ်ဦးက စူးချွန်နဲ့ထိုး တိုက်ခိုက်ခဲ့ တာကြောင့် စစ်တွေပြည်သူ့ဆေးရုံမှာ အရေးပေါ်ကုသမှုခံယူနေရပါတယ်။

ဒီဇင်ဘာ ၂၀ ရက် ဒီကနေ့ ၁၂ နာရီဝန်းကျင်မှာ သူ့ရဲ့နေအိမ်ကမြို့ထဲကို ဝင်လာစဉ် စစ်တွေအဝေးပြေးကားဂိတ်အနီး၊ ဝေသာလီရင်ပြင်ရှေ့ အနီးမှာ အမည်မသိဆိုင်ကယ်စီး လူ ၂ဦးက ချွန်ထက်တဲ့စူးနဲ့ ထိုးတာခံခဲ့ရတာပါ။

အခုလိုအထိုးခံရတာကြောင့် ကိုကျော်လင်း(ရောင်စုံ)ရဲ့ နောက်ကျော့မှာ ထိုးချက်ဒဏ်ရာ နှစ်ချက်ရရှိခဲ့ပြီး စူးနဲ့ထိုးတဲ့သူနှစ်ဦးကတော့ အဲ့ဒီနေရာမှာထွက်ပြေးသွားပါတယ်။

ကျော်လင်းဟာ ဆိုင်ကယ်ရဲ့နောက်မှာ ထိုင်လိုက်လာတာဖြစ်ပြီး ကျော်လင်းနဲ့အတူ ဆိုင်ကယ်မောင်းလာတဲ့ သူ့သူငယ်ချင်းကတော့ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။

အခုကိစ္စနဲ့ပတ်သက်လို့ ဒီကနေ့ နေ့လယ် ၂ နာရီက စစ်တွေမြို့မရဲစခန်းကို ဒီဗွီဘီက သွားရောက်မေးမြန်းခဲ့ပေမယ့် တစုံတရာသိရှိတာ မရှိသေးဘူးလို့ ရဲအရာရှိတဦးက ပြန်ဖြေကြား ပါတယ်။

“ကျနော်တို့ မသိရသေးဘူး။ လာပြီးတော့ အမှုဖွင့်တာ မရှိသေးဘူးခင်ဗျ။ ဒါကြောင့်မို့ ဒီကိစ္စကို အသေးစိတ်ပြောလို့တော့ မရဘူး။ အမှုဖွင့်လာမှ ဒီကိစ္စကိုဆောင်ရွက်လို့ ရမယ်”လို့ စစ်တွေမြိုရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုကျော်လင်းကို လောလောဆယ်မှာ စစ်တွေမြို့ပြည်သူ့ဆေးရုံ ခွဲစိတ်ဆောင်မှာ အရေးပေါ်လူနာအဖြစ် ဆေးကုသခံယူနေပြီး လောလောဆယ်မှာတော့ အထိုးခံရတဲ့ ဒဏ်ရာကြောင့် စကားမပြော နိုင်သေးပါဘူး။

လူငယ်စာရေးဆရာ ကိုကျော်လင်းဟာ ကျော်လင်း(ရောင်စုံ)အမည်နဲ့ ဒီဗွီဘီ၊ ဒီအမ်ဂျီ စတဲ့ သတင်းဌာနတွေမှာ ပြင်ပဆောင်းပါးရှင်အဖြစ် သတင်းဆောင်းပါးတွေရေးသားနေတာဖြစ်ပြီး ROMA Time ဂျာနယ်​ တည်ထောင်သူ အယ်ဒီတာချုပ်တဦးလည်းဖြစ်ပါတယ်။

သတင်း၊ ဓာတ်ပုံ - ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013