DVB Logo
Home
မြန်မာသတင်း
သန်းခေါင်စာရင်း အချက်အလက်တွင် လူမျိုးစာရင်း မထုတ်ပြန်နိုင်သေး
DVB
·
December 20, 2017
သန်းခေါင်စာရင်း အချက်အလက်တွင် လူမျိုးစာရင်း မထုတ်ပြန်နိုင်သေး
Donate to DVB

သန်းခေါင်စာရင်းနဲ့ ပတ်သက်ပြီး လူမျိုးစာရင်းတခုကလွဲရင် လုပ်ငန်းဆောင်စရာတွေ အားလုံး ပြီးစီးသွားပြီလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကနေ ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် အချက်အလက်တွေ၊ အသေးစိတ် အချက်အလက်တွေ ထုတ်ပြန်ပြီး ဖြစ်ပါတယ်။

ပင်မသန်းခေါင်စာရင်းစစ်တမ်း အပါအဝင် ကျန်းမာရေး၊ ပညာရေး စတဲ့ သုတေသနစာတမ်း ၁၄ စောင်ကို ထုန်ပြန်ထားပါတယ်။

ဦးမြင့်ကြိုင်က “တိုင်းနဲ့ ပြည်နယ်၊ မြို့နယ်တွေမှာလည်း သန်းခေါင်စာရင်း အသုံးချနည်း အလုပ်ရုံဆွေးနွေးပွဲတွေကို လုပ်ပြီးသွားပြီ။ လူမျိုးနဲ့ ပတ်သက်တာပဲ ထုတ်ပြန်ဖို့ ကျန်တော့တယ်” လို့ ပြောပါတယ်။

ပြီးတော့ လူဦးရေကော်မရှင်ဖွဲ့စည်းပြီး သန်းခေါင်စာရင်း အချက်အလက်တွေအရ လူဦးရေ မူဝါဒရေးဆွဲဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။

လူမျိုးနဲ့ ပတ်သက်တဲ့ အချက်အလက်ကိုတော့ မထုတ်ပြန်နိုင်သေးပဲ သမ္မတရုံးကို တင်ပြထားတာ ဖြစ်ပါတယ်။ ဦးမြင့်ကြိုင်က “လူမျိုးအလိုက် သူ့လူမျိုးအချင်းချင်း ဆွေးနွေးတာတွေ ဆောင်ရွက်နေကြတယ်။ ပြီးရင် ဗဟိုအဆင့်မှာ လုပ်ကြမှာပါ။ တိုင်းရင်းသားရေးရာ ကော်မတီ တွေ၊ သမိုင်းပညာရှင်တွေ၊ လူဦးရေ ပညာရှင်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေပါပြီး ဆွေးနွေးကြရမှာပေါ့။ ပြီးတော့မှ ပြည်ထောင်စုအစိုးရကို တင်ပြီးတော့ အဲဒီကတဆင့် လွှတ်တော်ကို တင်ပြပြီးမှ ထုတ်ပြန်ရမယ့် အနေအထား ရှိပါတယ်” လို့ ပြောပါတယ်။

သန်းခေါင်စာရင်း ဖြည့်စွက်စာရင်းပေးကြတာမှာ လူမျိုးအမည်တွေ အများကြီး ဖြစ်နေပြီး ၉၀၀ ဝန်းကျင် အထိရှိတယ်လို့ သိရပေမယ့် လဝက ထုတ်ဖော်ပြောတာ မရှိပါဘူး။

“အဲဒါကတော့ ကျနော်တို့ ပြောပိုင်ခွင့် မရှိသေးဘူးခင်ဗျ။ ရာကျော်တာကတော့ ရာကျော်တယ်။ အတိအကျတော့ ပြောပိုင်ခွင့် မရှိသေးပါဘူး” လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

တချို့ ဖြည့်စွက်တဲ့ အမည်တွေအရ ထပ်တိုးလာတာ မဟုတ်ဘဲ ရှိပြီးသားကို နာမည် နောက်တမျိုးနဲ့ ထည့်ကြတာလို့ သူက ဆက်ပြောပါတယ်။

၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော်ရှိပြီး ခန့်မှန်းတွက်ချက်မှု အရ ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ၅၃ သန်းကျော်၊ ၂၀၁၅ ခုနှစ်မှာ ၆၅ သန်း ဖြစ်လာမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013