DVB Logo
Home
မြန်မာသတင်း
မန်းရွှေစက်တော်ဈေးသည်များနှင့် တည်းခိုဆောင်လုပ်ငန်းရှင်များ စုပေါင်းဆန္ဒပြမည်
DVB
·
December 20, 2017
မန်းရွှေစက်တော်ဈေးသည်များနှင့် တည်းခိုဆောင်လုပ်ငန်းရှင်များ စုပေါင်းဆန္ဒပြမည်
Donate to DVB

 

မန်းရွှေစက်တော် ဂေါပကအဖွဲ့က ထုတ်ပြန်ကြေညာခဲ့တဲ့ စည်းကမ်းချက်တွေထဲမှာ ဈေး သည်မိသားစုတွေနဲ့ တည်းခိုဆောင်လုပ်ငန်းရှင်တွေအတွက် လိုက်နာနိုင်ဖို့ အရမ်းခက်ခဲတဲ့ အချက်တွေပါနေတာကြောင့် အချိန်မီပြင်ဆင်မပေးရင် ဆန္ဒပြဖို့ရှိနေပါတယ်။

မကွေးတိုင်း မင်းဘူး၊ စကုမြို့နယ်ထဲက မန်းရွှေစက် တော် ဂေါပကအဖွဲ့ဟာ ဇန်နဝါရီလထဲမှာ စတင်ကျင်းပမယ့် မန်းရွှေစက် တော် ဘုရားပွဲတော်အတွင်း ရောင်းချသွားမယ့် ဈေးသည်တွေအတွက်နဲ့ တည်းကျောင်း (တည်းခိုဆောင်) လုပ်ကိုင်သူတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကို ဒီဇင်ဘာလ ၁၉ ရက်နဲ့ ၂၀ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက်တွေကတော့ မန်းရွှေစက်တော်ဘုရားအတွင်း ရောင်းချမယ့် ဆိုင်ခန်းကြီးဈေးသည်တွေ အတွက်လိုက်နာရမယ့်စည်းကမ်းချက် ၂၇ ချက်နဲ့ တည်းခိုဆောင်လုပ်ကိုင်သူတွေ လိုက်နာရမယ့် စည်းကမ်းချက် ၃၁ ချက်ရှိပါတယ်။

ဈေးသည်တွေအတွက် အရင်နှစ်တွေက ဆိုင်ခန်းတစ်ခုကို အလျား ၂၁ ပေ အနံက ၆ပေ ၇ ပေအထိဖွင့်ခွင့်ရခဲ့ပေမယ့် ဒီနှစ်မှာ အလျား ၁၅ ပေ အနံ ၆ ပေပဲ ခွင့်ပြုထားလို့ ဈေးသည်တွေအတွက် အခက်ခဲဖြစ်ရတယ်လို့ မန်းရွှေစက်တော်ဈေးကော်မတီအဖွဲ့ဝင် ဦးကျော်ခိုင်ဝင်းက ပြောပါတယ်။

နှစ်စဉ်နှစ်တိုင်း တည်းခိုဆောင် တည်းကျောင်းတွေအတွင်းမှာ ချက်ပြုတ်စားသောက်ဖို့ မီးဖိုသုံးစွဲခွင့်နဲ့ ဘုရားလာဖူးကြတဲ့ ဘုရားဖူးပြည်သူတွေရဲ့ ကိုယ်ပိုင်ကားနဲ့ ဆိုင်ကယ်တွေကို တည်းခိုဆောင်တွေမှာ ထားခွင့်ရှိခဲ့ပါတယ်။

ဒါပေမယ့် ဒီနှစ်တော့ မန်းရွှေစက်တော် ဂေါပကအဖွဲ့က စည်းကမ်းချက်တွေထုတ်ပြီး ကန့်သတ်ထားတယ်လို့ နှစ်ပေါင်း ၂၀ကျော် တည်းခို ဆောင် လုပ်ငန်းနဲ့ မန်းရွှေစက်တော်ဘုရားပွဲမှာ လုပ်ကိုင်ခဲ့တဲ့ ဦးမြစိုးက ပြောပါတယ်။

စည်းကမ်းချက်အသစ်တွေထဲမှာ လိုက်နာနိုင်ဖို့ အရမ်းခက်ခဲတဲ့ အချက်တွေပါနေတာကြောင့် အချိန်မီပြင်ဆင်မပေးရင် ဆန္ဒပြသွားမယ်လို့ မန်းရွှေစက်တော် ဈေးကော်မတီရဲ့ ဥက္ကဋ္ဌ ဦးအေးကိုက ဒီဗွီဘီ ကိုပြောပါတယ်။

ထုတ်ပြန်ထားတဲ့စည်းကမ်းချက်တွေကို တည်းခိုဆောင်လုပ်ငန်း ရှင်တွေက မလိုက်နာရင် မန်းရွှေစက် တော်ဂေါပကအဖွဲ့ဆီမှာ တင်ထားတဲ့ ကျပ်ငွေထဲကနေ ဒဏ်ကြေး ဖြတ်ယူဖို့ ဂေါပကအဖွဲ့က စည်းကမ်းချက်တွေကိုလည်း ထုတ်ပြန်ထားပါတယ်။

ဂေါပကအဖွဲ့က တည်းခိုဆောင်စည်းကမ်းတွေသာ ထုတ်ပြန်ထားပြီး တည်းခိုဆောင်လုပ်ကိုင်ခွင့်ကြမ်းခင်းဈေးကို ဒီနေ့နေ့လည် ၂ နာရီအထိ မထုတ်ပြန်သေးလို့ တည်းခိုဆောင်လုပ်ငန်းရှင်တွေ မင်းဘူးမြို့ မန်းရွှေစက်တော်ဂေါပကရုံးရှေ့မှာ စောင့်ဆိုင်းနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013