DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
December 20, 2017
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ၁ အိတ်ကို ၅၃,၁၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၆၀၀ ကျပ် ဈေးတက်လာပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၅၄,၀၀၀ ကျပ်ကနေ ငွေကျပ် ၅၅,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁,၅၀၀ ကျပ် ဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်နဲ့ မန္တလေး ကုန်စည်ဒိုင် ၁ အိတ်ကို ၂,၀၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

ပဲစင်းငုံ
ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံက ပိဿာ ၆၀ ဝင် ၁ အိတ်ကို ငွေကျပ် ၃၇,၀၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ၃၃,၅၀၀ ကျပ်ကနေ ငွေကျပ် ၃၄,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန် ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံက ၁ အိတ်ကို ၁,၀၀၀ ကျပ်ကျော် ဈေးတက်လာပြီး မန္တလေး ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၅၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၁ အိတ်ကို ၃,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

ပဲထောပတ်
ရန်ကုန် ကုန်စည်ဒိုင်မှာ ပဲထောပတ်က ၅၆.၂၅ ပိဿာဝင် ၁ အိတ်ကို ၈၈,၀၀၀ ကျပ်ကနေ ငွေကျပ် ၉၈,၀၀၀ ပေါက်ဈေးရှိနေပြီး မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ ၁ အိတ်ကို ငွေကျပ် ၁၀၀,၀၀၀ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေး ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

နှမ်းညို
မန္တလေး ပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့  နှမ်းညိုက ၄၅ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၁၀၂,၀၀၀ ကနေ ၁၀၅,၀၀၀ ကျပ် ပေါက်ဈေးရှိပြီး မုံရွာ ကုန်စည်ဒိုင်မှာတော့ ၁ အိတ်ကို ၁၀၀,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ မန္တလေးနဲ့ မုံရွာ ကုန်စည်ဒိုင် ၁ အိတ်ကို ၄,၀၀၀ ကျပ်ကျော်  ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စားအုန်းဆီ
မန္တလေးကုန်စည်ဒိုင်မှာ စားအုန်းဆီက ၁ ပိဿာကို ၁,၇၃၀ ကျပ်ကနေ ၁,၇၄၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ၁ ပိဿာကို ၁,၇၅၀ ကျပ်ကနေ ၁,၇၇၀ ကျပ် ပေါက်ဈေးရှိပြီး ၁ ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ မန္တလေးနဲ့ မုံရွာကုန်စည်ဒိုင် ၁ ပိဿာကို ၃၀ ကျပ် ဈေးကွာခြားမှု ရှိပါတယ်။

စီပီပြောင်း
စီပီပြောင်း အများဆုံး ဝင်ရောက်တဲ့ လားရှိုးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် ၁ အိတ်ကို ငွေကျပ် ၂၃,၇၅၀ ကနေ ၂၅,၄၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးမြင့်တက်လာပါတယ်။  မန္တလေး ပွဲစားကုန်သည် စက်ပိုင်အသင်းမှာလည်း ၁ အိတ်ကို ၂၀,၀၀၀ ကျပ်ကနေ ငွေကျပ် ၂၅,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ လားရှိုးနဲ့ မန္တလေး ၁ အိတ်ကို ၁၀၀ ကျပ်နီးပါး ဈေးကွာခြားမှု ရှိပါတယ်။

ဖော်ပြပါ သီးနှံဈေးနှုန်းတွေထဲကမှာ မတ်ပဲနဲ့ ပဲစင်းငုံနီကတော့ ဈေးက ဆက်တိုက်တက်နေပါတယ်။ ဒီဇင်ဘာ ဒုတိယအပတ်ကနေ စပြီး ပြည်တွင်း ဝယ်လက်တွေ များလာတဲ့အတွက် ဈေးက တက်လာတာ ဖြစ်တယ်လို့ ပဲကုန်သည်တွေက ဆိုပါတယ်။

ရက် ၂၀ အတွင်း မတ်ပဲက ၁ တင်းကို ၃,၅၀၀ ကျပ်နီးပါး ဈေးတက်လာပြီးတော့ ပဲစင်းငုံနီကတော့ ၁ တင်းကို ၃၀၀၀ ကျပ်လောက် ဈေးမြင့်တက်လာပါတယ်။ အိန္ဒိယက မတ်ပဲနဲ့ ပဲစင်းငုံနီကို ဝယ်ယူမှု ကန့်သတ်လိုက်တဲ့အချိန်ကနေ စတင်ဈေး ကျဆင်းခဲ့တာဖြစ်ပြီး ပထမဆုံးအကြိမ် ဈေးပြန်တက်လာတာလည်း ဖြစ်ပါတယ်။

အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

သတင်း- AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013