DVB Logo
Home
မြန်မာသတင်း
အင်းဒင်ရွာတွင် တွေ့သည့် ဦးခေါင်းခွံများကိစ္စ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်စုံစမ်းနေ
DVB
·
December 20, 2017
အင်းဒင်ရွာတွင် တွေ့သည့် ဦးခေါင်းခွံများကိစ္စ ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်စုံစမ်းနေ
Donate to DVB

မောင်တောမြို့နယ် အင်းဒင်ကျေးရွာသုသာန်မှာ ဦးခေါင်းခွံ ၁၀ လုံးနဲ့ အရိုးစုတွေ တွေ့ရှိမှုနဲ့ပတ်သက်လို့ ဖမ်းမမိသေးတဲ့ ပြစ်မှုကျူးလွန်သူကို လူသတ်မှု အပါအဝင် ရာဇသတ်ကြီးပုဒ်မ ၃ ခုနဲ့ အမှုဖွင့်စုံစမ်းနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အင်းဒင်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၄/ ၂၀၁ လူသတ်မှု၊ ပူးပေါင်း ကြံစည်မှု၊ သက်သေခံပစ္စည်း ဖျောက်ဖျက်မှုတို့နဲ့  အမှုဖွင့်ထားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အင်းဒင်ရွာသုသာန်မှာ  လူတွေကို သတ်ဖြတ်မြှုပ်နှံထားကြောင်း အမည်မဖော်လိုသူ တဦးက သတင်းပေးပို့ တိုင်ကြားလာတဲ့အပေါ် သက်ဆိုင်ရာက သွားရောက်စုံစမ်း စစ်ဆေးခဲ့ပြီးနောက် ဒီဇင်ဘာ ၁၉ ရက်မှာ အလောင်း ၁၀ လောင်းကို တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်မှန် ပေါ်ပေါက်နိုင်ရေးအတွက် ဆက်လက်စစ်ဆေး ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ ဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တစုံတရာ ပါဝင်ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပါက တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ - ပြည်ထဲရေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013