DVB Logo
Home
မြန်မာသတင်း
ရန်ကုန်- ဒလ ကူးတို့စက်လှေမှောက်၊ ၃ ဦးပျောက်ဆုံးနေ
DVB
·
December 20, 2017
ရန်ကုန်- ဒလ ကူးတို့စက်လှေမှောက်၊ ၃ ဦးပျောက်ဆုံးနေ
Donate to DVB

 

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ကမာကဆစ်ကူးတို့ဆိပ်ကနေ ရန်ကုန်ဘက်ကမ်းကို ပြေးဆွဲတဲ့ စက်တပ်သမ္ဗန်တစ်စီး ဒီကနေ့ မနက်အစောပိုင်း ၅နာရီလောက်က တိမ်းမှောက်နစ်မြုပ်ခဲ့လို့ လူ ၃ ဦးပျောက်ဆုံးနေတယ်လို့  ဆိပ်ကမ်းမြို့နယ် ရဲစခန်းက ဒီဗွီဘီကိုပြောပါတယ်။

စက်လှေဟာ ဒလဘက်ကမ်းကနေထွက်အလာမှာ  ပန်ကာဒိုက်တွေနဲ့ငြိပြီး ရေစီးနဲ့ မြောပါ သွားရာကနေ ရပ်ထားတဲ့ စီဘီကုန်တင်တွဲသင်္ဘောနဲ့တိုက်ပြီး တိမ်းမှောက်နစ်မြုပ်သွားခဲ့တာပါ။

“လူ ၃ ယောက်ပျောက်နေပါတယ်။ မိသားစုဝင်တွေကို လိုက်ရှာ ဆက်သွယ်နေတယ်။ စခန်းကတော့ အမှုဖွင့်ထားပါတယ်။ ဒီလောက်ပဲ ပြောနိုင်ပါသေးတယ်”လို့ ဆိပ်ကမ်းမြို့နယ် ရဲစခန်းက ဒီဗွီဘီကို ပြောပါတယ်။

စက်လှေပေါ်မှာ  ခရီးသည်နဲ့  ယာဉ်မောင်း အပါအ၀င် ကျား(၁၁)ဦး၊ မ(၃)ဦး စုစုပေါင်း(၁၄)ဦး လိုက်ပါသွားရာမှာ ကျား(၉)ဦးနဲ့ မ(၂)ဦးတို့အား ပြန်လည် ဆယ်ယူနိုင်ခဲ့ပြီး၊ ယာဉ်မောင်း အပါအ၀င် ကျား(၂)ဦး၊ မ(၁)ဦးတို့ ပျောက်ဆုံးဆဲဖြစ်တယ်လို့ အစိုးရပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

သတင်း- ပြည့်ဘုန်းအောင်၊ ပိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013