DVB Logo
Home
မြန်မာသတင်း
မြောင်းမြမြို့နယ် သုံးလောင်းပြိုင် လူသတ်မှုတရားခံ ထွက်ပြေးလွတ်မြောက်နေဆဲ
DVB
·
December 20, 2017
မြောင်းမြမြို့နယ် သုံးလောင်းပြိုင် လူသတ်မှုတရားခံ ထွက်ပြေးလွတ်မြောက်နေဆဲ
Donate to DVB

 

ဧရာဝတီတိုင်း မြောင်းမြမြို့နယ်၊ တောင်ကလေးကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ၃ လောင်းပြိုင် လူသတ်မှုအတွက် ရဲတပ်ဖွဲ့က အလိုရှိနေသူ သန်းဇော်(၄၅-နှစ်)ဟာ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက သန်းဇော်ဟာ ဇနီးဖြစ်သူ မတင်တင်ဆန်းနဲ့ စကားများပြီး မတင်တင်ဆန်းအပြင် ရန်ပွဲကို ဝင်ရောက်ဖျန်ဖြေခဲ့တဲ့ ယောက္ခမဖြစ်သူ ဒေါ်ခင်ရီနဲ့ တူဖြစ်သူ မောင်လင်းလင်းထိုက်တို့ကိုပါ ခုတ်သတ်ခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေတာ ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

“သူရဲ့ ညီအစ်ကို မောင်နှမတွေလည်း ရှိတဲ့အတွက် တရားခံပြေး လက်ခံထားတယ်ဆိုရင် ထောင်ဒဏ် ၂ နှစ် ချမှတ်လို့ရတဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၆ နဲ့ အရေးယူမယ်။ အဲဒါကြောင့် တွေ့ခဲ့ရင် နီးစပ်ရာ အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူးတွေကို အကြောင်းကြားဖို့ ဖုန်းနံပါတ်တွေ ပေးထားတယ်”လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ခင်မောင်လတ်က ပြောပါတယ်။

သန်းဇော် ဓားနဲ့ ထပ်ခုတ်ခဲ့တဲ့ ခယ်မဖြစ်သူ မစန္ဒာဦးကတော့ ဒဏ်ရာတွေ ပြင်းထန်စွာ ရရှိခဲ့လို့ မြောင်းမြဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပြီး သန်းဇော်ရဲ့ဓာတ်ပုံကိုလည်း လူမှုကွန်ရက် စာမျက်နှာများမှာ ဖြန့်ဝေထားကာ တွေ့ရှိသူများ နီးစပ်ရာ ရဲစခန်းကို အကြောင်းကြားပေးဖို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ထွက်ပြေးလွတ်မြောက်နေသူ သန်းဇော်ဟာ လပွတ္တာမြို့နယ်မှာ နေထိုင်သူဖြစ်ပြီး အိမ်ထောင်ကျပြီး မြောင်းမြမြို့နဲ့ ၁၀ မိုင်လောက် ကွာဝေးတဲ့ တောင်ကလေးကျေးရွာမှာ လာရောက်နေထိုင်သူ ဖြစ်တယ်လို့ တောင်ကလေးကျေးရွာ နေထိုင်သူတွေက ဆိုပါတယ်။

လတ်တလောမှာတော့ သန်းဇော်(၄၅-နှစ်)ကို မြောင်းမြမြို့မရဲစခန်းက (ပ)၆၂၇/၂၀၁၇ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (လူသတ်မှု)၊ ၃၂၆ (ချွန်ထက်ပြတ်ရှတဲ့ပစ္စည်းနဲ့ အပြင်းအထန်ဒဏ်ရာရစေမှု)တို့နဲ့ အမှုဖွင့်ထားပြီး အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့က သိရပါတယ်။

သတင်း - မြမင်းဦး (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013