DVB Logo
Home
မြန်မာသတင်း
ဘင်္ဂါလီပြန်လက်ခံရေးလုပ်ငန်းတာဝန်သတ်မှတ်ချက် မြန်မာ-ဘင်္ဂလားဒေ့ရှ် လက်မှတ်ထိုး
DVB
·
December 20, 2017
ဘင်္ဂါလီပြန်လက်ခံရေးလုပ်ငန်းတာဝန်သတ်မှတ်ချက် မြန်မာ-ဘင်္ဂလားဒေ့ရှ် လက်မှတ်ထိုး
Donate to DVB

 

ရခိုင်ပြည်နယ်က ထွက်ပြေးသွားသူတွေကို ပြန်လည်စိစစ်လက်ခံရေးဆိုင်ရာ ပူးတွဲ လုပ်ငန်းအဖွဲ့ရဲ့ လုပ်ငန်းတာဝန် သတ်မှတ်ချက်များအပေါ် သဘောတူညီမှုရရှိခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

ဒီသဘောတူညီချက်ကို  ဒီဇင်ဘာ ၁၉ ရက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာ  နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန် မစ္စတာ မိုဟာမက် ရှာဟီဒူလ် ဟတ်ခ်တို့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

မြန်မာနိုင်ငံနဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းသွားရန်ရှိပြီး အဲဒီလုပ်ငန်းအဖွဲ့ဟာ နေပြည်တော်မှာ နိုဝင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသွားသူများနဲ့ ပတ်သက်လို့ ဆောင်ရွက်မယ့် အစီအစဉ်ကို အခြေခံပြီး နှစ်ဖက် သဘောတူညီမှု ရယူရေးအတွက် အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ကာ လိုအပ်တဲ့ ဆုံးဖြတ်ချက်များ ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းများ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ပူးတွဲလုပ်ငန်းအဖွဲ့ဟာ ပြန်လည်လက်ခံရေးအစီအစဉ်မှာ ပါရှိတဲ့ လိုက်နာဆောင်ရွက်ရမယ့် အထွေထွေမူဘောင်များ၊ မူဝါဒရေးရာ အစီအမံများနဲ့အညီ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ အစိုးရသတင်းမှာ ဖော်ပြပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နိုဝင်ဘာ သဘောတူညီချက်အရ ရခိုင်ဒေသက ထွက်ပြေးသွားတဲ့ ဘင်္ဂါလီဒုက္ခသည်တွေကို ၂ လအတွင်း ပြန်လည်လက်ခံဖို့ သဘောတူထားကြတာ ဖြစ်ပြီး အခု သဘောတူညီချက်က အလုပ်အဖွဲ့ သဘောတူညီချက် ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသတွင်းနေ ဘင်္ဂါလီ ၆ သိန်းကျော်တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013