DVB Logo
Home
မြန်မာသတင်း
အင်းဒင်ရွာသုသာန်တွင် သတ်ဖြတ်မြှုပ်နှံထားသည့် ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိ
DVB
·
December 20, 2017
အင်းဒင်ရွာသုသာန်တွင် သတ်ဖြတ်မြှုပ်နှံထားသည့် ရုပ်အလောင်း ၁၀ လောင်းတွေ့ရှိ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာသုသာန်မှာ  အမည်မသိ ရုပ်အလောင်းတွေကို တူးဖော်ရာမှာ  အလောင်း ၁၀ လောင်း တွေ့ရှိပြီး စုံစမ်းစစ်ဆေးနေတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက  သတင်းထုတ်ပြန်ပါတယ်။

အင်းဒင်ရွာသုသာန်မှာ  လူတွေကို သတ်ဖြတ်မြှုပ်နှံထားကြောင်း အမည်မဖော်လိုသူ တဦးက သတင်းပေးပို့ တိုင်ကြားလာတဲ့အပေါ် သက်ဆိုင်ရာက သွားရောက်စုံစမ်း စစ်ဆေးခဲ့ပြီးနောက် မနေ့က အလောင်း ၁၀ လောင်းကို တူးဖော်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ဦးဆောင်ပြီး မြို့နယ်တရားသူကြီး ဦးဇော်ဇော်သန်း၊ အင်းဒင်ရဲစခန်းမှ ရဲအုပ်အေးမင်းထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာမြတ်ထွန်းခိုင်တို့ ပါဝင်တဲ့အဖွဲ့နဲ့ စစ်ဆေးဖော်ထုတ်ရာ မည်သူမည်ဝါ မခွဲခြားနိုင်တဲ့ ရုပ်အလောင်း ၁၀ လောင်းအား တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်မှန် ပေါ်ပေါက်နိုင်ရေးအတွက် ဆက်လက်စစ်ဆေး ဆောင်ရွက်နေတဲ့ အကြောင်းနဲ့ ဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ တစုံတရာ ပါဝင်ပတ်သက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိပါက တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013