DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့ သမိုင်းဝင်ကန်တော်မင်္ဂလာ ပြုပြင်ရန်ဘတ်ဂျက် ကျပ်သိန်း ၂၀၀၀ချပေးမည်
DVB
·
December 19, 2017
မြိတ်မြို့ သမိုင်းဝင်ကန်တော်မင်္ဂလာ ပြုပြင်ရန်ဘတ်ဂျက် ကျပ်သိန်း ၂၀၀၀ချပေးမည်
Donate to DVB

 

မြိတ်မြို့ရဲ့ သမိုင်းဝင်ကန်တော်မင်္ဂလာ ပြုပြင်ဖို့အတွက် တိုင်းဒေသကြီးအစိုးရက ဘတ်ဂျက် ကျပ် သိန်း ၂၀၀၀ ချပေးမှာဖြစ်တယ်လို့ ဝန်ကြီးချုပ်မှ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ပြောပါတယ်။


သမိုင်းဝင်ကန်ကြီးကို ပြန်လည်ဆယ်ယူတာ၊ ရေဖောက်ချတာတွေ စတင်ဆောင်ရွက်နေတာကို လာရောက်ကြည့်ရှုခဲ့တဲ့ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြုပြင်မှုတွေကို ဆောင်ရွက်ဖို့ လာမယ့်ဘဏ္ဍာနှစ်မှာဘတ်ဂျက် ချပေးမယ်လို့ ကတိပြုပြောခဲ့ပါတယ်။


“ကျမအနေနဲ့ လာမယ့်ဘတ်ဂျက်မှာသိန်း နှစ်ထောင်ချထားပေးဖို့ ရည်ရွယ်ထားတယ်။ ဒီနှစ်တော့ မရတော့ဘူး။ လာမယ့်နှစ်အတွက် ဘတ်ဂျက်မှာ ချပေးမယ်။ ကန်ကြီးပြုပြင်ဖို့ မိုးရာသီ မတိုင်ခင်မှာ အပြီးသတ်လုပ်စေချင်တယ်။ မိုးရွာလာရင် လုပ်ငန်းနှောင့်နှေးသွားနိုင်တယ်။”


ဧက ၂၀ ကျော် ကျယ်ဝန်းတဲ့ ကန်ကြီးကို ပြန်လည်ဆယ်ယူပြီး ပြုပြင်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ကျပ် သိန်း ၆ ထောင်ကျော် လိုအပ်မှာဖြစ်ပြီး အလှူရှင်တွေကလည်း အလှူငွေတွေ ထည့်ဝင်ပေးထားတယ်လို့ သိရပါတယ်။


မြိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက “ကန်ကြီး ရေကန် ဘောင်ကို ပြန်လည်ဆယ်ယူဖို့ ကော်မတီ ၁၅ ခုဖွဲ့ထားပြီး လုပ်ငန်းဆောင်ရွက်နေပါတယ်။ အခုလက်ရှိ ရေဖောက်ထုတ်တာတွေ လုပ်နေပါပြီ။ ရေထွက်ပေါက်နဲ့ နံဘေးတချက်စီကိုပဲ ကျောက်တန်းစီမှာပါ။ ကျန်တဲ့နေရာတွေက မြေသားနံရံတွေ ဖြစ်မှာပါ။ အားလုံး ကျပ်သိန်း ၆၀၀၀ ကုန်ကျမယ်လို့ ခန့်မှန်းတွက်ချက်ထားတယ်”လို့ ပြောပါတယ်။


ကန်ကြီးရေကန်ဘောင်အတွင်း မှီတင်းနေထိုင်တဲ့ ငှက်မျိုးစိတ်၊ ငါးမျိုးစိတ်တွေကို သုတေသန ပြုလုပ်ထားပြီး ကန်ဆယ်ယူပြီးပါက ထိန်းသိမ်းထားနိုင်ဖို့အတွက်လည်း စီစဉ်ထားကြောင်း သိရပါတယ်။ ကန်ကြီးရေကန်ဘောင်မှာ နှစ်ကာလ ကြာမြင့်လာပြီ ဖြစ်တဲ့အတွက် ဒိုက်ပင်ထူထပ်လာတာ၊ ကန်ရေပြင် တိမ်ကောလာတာကြောင့် ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ လုပ်ဆောင်တာဖြစ်ကြောင်း သိရပါတယ်။
သတင်း - မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013