DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံအင်ဒင်းရွာသားများကိုပြန်လွှတ်ပေးရန် မိသားစုဝင်များတောင်းဆို (ရုပ်သံ)
DVB
·
December 19, 2017
ဖမ်းဆီးခံအင်ဒင်းရွာသားများကိုပြန်လွှတ်ပေးရန် မိသားစုဝင်များတောင်းဆို (ရုပ်သံ)
Donate to DVB

လူသေအလောင်းတွေ မြှုပ်နှံထားတာတွေ့ရှိခဲ့တဲ့  မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာက ကျောင်းဆရာတွေနဲ့ ရွာသားတချို့ ဖမ်းဆီးထိမ်းသိမ်းခံထားရပြီး ဘယ်ရောက်နေလဲဆိုတာမသိရသေးဘူးလို့ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေက  ပြောပါတယ်။

သားနှစ်ယောက်ဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတဦးက “သူတို့က ကျောင်းဆရာတွေပါ။ ခုအဆက်အသွယ်မရပါ။ စိုးရိမ်သောကကတော့ အမေ့မှာ ထမင်းလည်းမစားနိုင်၊ ဟင်းလည်းမစားနိုင်၊ ဘယ်ရောက်နေလဲ အစအနမရ ”လို့ပြောပါတယ်။

ယောင်္ကျား ဖြစ်သူဖမ်းဆီးခံနေရတဲ့ အမျိုးသမီးတဦးက “ကျမကတွေ့ချင်တယ်။ ကျမယောင်္ကျားကို ဘာအမှုနဲ့ ဖမ်းထားလဲ။ ဘာလို့ဖမ်းတာလဲဆိုတာ ကျမသိချင်တာ။ ယောာင်္ကျား ကိုတွေ့ချင်တယ်။ လွတ်လာစေချင်တယ်။ လွတ်မြောက်စေချင်တယ်။ ဒီမှာ လင်နဲ့ မယားနှစ်ယောက်ထဲနေတာပါ ၊ ကျမယောင်္ကျားက ကျန်းမာရေးမကောင်းပါ ”လို့ပြောပါတယ်။

ဖမ်းဆီးခံထားရသူရွာသားရဲ့ အမျိုးသမီးတဦးက “ဘာကြောင့်ဖမ်းလဲမသိပါ။ ဘယ်မှာထားလဲမသိပါ။ တခုမှမသိပါ။ လက်ထိပ်တော့မခတ်ပါ၊ ဒီအတိုင်းခေါ်သွားတာ၊ ဘာကြောင့် ခေါ်သွားတာလဲသိချင်ပါတယ်။ ”လို့ပြောပါတယ်။

မောင်တောမြို့နယ်၊ အင်းဒင်ရွာက လက်ထောက်ပညာရေးမှူးတယောက်၊ ကျောင်းအုပ်တေ ယာက်နဲ့ ကျောင်းဆရာတွေအပါအဝင် လူ ၅ယောက်ကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ အာဏာပိုင်တွက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာပါ။

မနေ့ညကကတော့ အင်းဒင်ကျေးရွာ သုသာန်မှာ အမည်မသိ လူတွေကို သတ်ဖြတ် မြှုပ်နှံထားတာ တွေ့ရှိပြီးနောက် အလောင်းတွေကို စုံစမ်းစစ်ဆေး ဖြစ်ရပ်မှန်ဖော်ထုတ်နေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013